Chapter 13.2

13.2K 1.7K 40
                                    

ရေချိုးခန်းထဲတွင်​​တော့ ကျန်းချိုး ..အချစ်​ရနံ့ပြင်း...အဲ​လေ...ဟို..အနံ့အရမ်းပြင်းတဲ့ သူ့ကိုယ်​ပိုင်​ရနံ့ဆိုးကြီးကို အပြည့်​အ၀ရလိုက်​ပါ​သော​ကြောင့်​ မ​နေ့ည သူဘယ်​​လောက်​​တောင်​ ပြင်းပြင်းထန်​ထန်​ ကြိုးစားခဲ့သလဲဆိုသည်​ကို ဟိုလူကြီး လာရှင်းပြစရာ မလို​တော့ပါ​ချေ။ သူထိုမျှ​လောက်​ အရှက်​ရစရာ..ဂုဏ်​သိက္ခာညိုးနွမ်းစရာကြီးအား မည်​သည့်​မျက်​နှာ​ပေးနှင့်​ ကျူးလွန်​ခဲ့သည်​ကို ယခုအထိ ပုံမ​ဖော်​ရဲ​သေး..​နောင်​? ​ဝေး​သေး..ပိုဆိုးဦးမည်​။

***ဘာလို့ ဒီလိုကြီးဖြစ်​သွားရတာလဲ..လီစူးဆိုတာကြီးကို ​နောက်​​နောင်​ ဘယ်​မျက်​နှာနဲ့ သွားပြရမှာလဲ. ...​သေချင်​​စော်​နံ​နေပါပြီ​နော်​.. ငါ​လေး ​သေ သင့်​​နေပြီ***

ကျန်းချိုး သူ့​ခေါင်း မိုးကြိုးပစ်​သွားသလို အ​တောင့်​လိုက်​ကြီးဖြစ်​​နေ​သော်​လည်း သူ့စိတ်​တို့က​တော့ မ​မောနိုင်​မပန်းနိုင်​ မ​နေ့ညက ​နွေဦးအိမ်​မက်​ဆီပြန်​ ပြန်​​ရောက်​​နေသည်​ကို ဆွဲ​ခေါ်၍လည်း မရ။ အထူးသဖြင့်​ လီစူး၏ နှုတ်​ခမ်း​...ပြီး ထိုအကျိုးပြု​ပေးခဲ့သည့်​ ​ရွှေလက်​များ..အား​ဆေးများပမာ။

***သူ့..သူ့..ရပ်​​တော့..ရပ်​​တော့***

ဒါကို သူငယ်​ချင်းအရင်းကြီး​တွေ​တောင်​ မလုပ်​​ပေးကြတာကို ကျန်းချိုး ​သေချာသိပါ၏။

"ငါမထင်​ထားခဲ့ဘူး..မင်းညီက ​တော်​​တော်​​သေး​ပေမယ့်​ အ​တော့်​ကို ထွတ်​နိုင်​လိမ့်​မယ်​လို့"

အသံက တံခါး​ပေါက်​မှ ထွက်​လာပါ​သော တစ်​ဦးတည်း မူပိုင်​ရှင်​၏ အသံဆိုးကြီး။

ကျန်းချိုး လီစူး​ကြောင့်​ တုန်​တက်​သွားရပြီး သွားတို့ကိုသာ အချင်းချင်းပွတ်​​နေလျက်​ ထွက်​ကျချင်​​နေ​သော စကားတို့အား မြိုသိပ်​ရ​လေ၏။ တကယ်​ကြီး လုပ်​ပစ်​လိုက်​ချင်​ပါ​သော..လီစူးမျက်​နှာ​ပေါ် ထို ပ၀ါပစ်​​ပေါက်​ခြင်းဆိုသည့်​ အမူအရာအား စိတ်​ထဲတွင်​ မှတ်​..လက်​ကြားထဲ ထိုပုဝါကို ပွတ်​လျက်​သာ..သူက ထိုသူ့အား ဤသို့ လုပ်​ရဲဖို့ နှစ်​တစ်​​သောင်း​လောက်​​စောင့်​ရ​ပေဦးမည်​။ အဘယ်​​ကြောင့်​ဆို​သော်​ကား ဒီဇာတ်​မှာ ​သောက်​သလွဲစိန်​က သူုဖစ်​ခဲ့ပြီး အမှားကြီး ကျူးလွန်​ခဲ့သူကလည်း သူဆိုသည့်​ ကျန်းချိုးပင်​ ဖြစ်​​လေ​သော​ကြောင့်​။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now