Chapter 55(full chapter)

4.7K 875 49
                                    

ကျုံးရှန်ပြည်(2)

ကျန်းချိုး ရှင်းကျန်းမှ ရှီအန်းကို ဒီSemesterအတွက် ကျောင်းအပ်ဖို့အချိန်မှီလေးပြန်ရောက်လာခဲ့သည်။

လုဖန် ၊ ဟွားတင် ၊ ဖေးချင်နှင့် လင်းတန်လေးတို့က ပေကျင်းကိုပြန်သွားပြီး ဖီးရှန်ဘာစိတ်ကောက်သည်မသိ ဘယ်ထွက်သွားမှန်းလည်းမသိဖြစ်ခဲ့ပြီး ယုရွှေက သူ့ကိုရှာဖို့လိုက်သွား၏။ ရိုက်ကွင်းကလဲ အသေအပျက်ရှိခဲ့သဖြင့် အခက်အခဲပေါင်းများစွာနှင့်ရင်ဆိုင်နေရပြီး အခုထိတောင်hotsearchတွင် no.1ဖြစ်နေဆဲပင်။ ချီရှီမှာ သူ့ပွဲစားက xianxia dramaတစ်ခုနှင့်မိတ်ဆက်ပေးသဖြင့် အန်းဟွေ့ကိုရိုက်ကူးရေးသွားနေကြောင်းသတင်းရ၏။

ကျန်းချိုး သူငှားထားသည့်တိုက်ခန်းကျဥ်းလေးထဲအလွမ်းများဖြင့်ပြန်လာခဲ့ရသည်။ သူက ဒီထက်ကြီးတဲ့နေရာတောင်ပြောင်းဖို့စီစဥ်ခဲ့သေးသော်လည်း တကယ်လို့လီစူးသူတို့ကိုပြန်လာရှာလို့မတွေ့ရင်ဘယ်လိုလုပ်မလဲ?

ရှောင်းကျန်း တစ်ချိန်လုံး ကျန်းချိုးကိုအရိပ်တကြည့်ကြည့်ဖြင့်။ သူက တစ်ခုခုကိုသိနေသလိုပင် ကျန်းချိုးအပေါ်ဆိုးနွဲ့ခြင်းအလျင်းမရှိတော့ပဲ အလွန်အလိုက်သိနေသဖြင့် ကျန်းချိုး ကိုယ့်ကိုကိုယ်အပြစ်တင်နေမိ၏။ သူက ရှောင်းကျန်းလေးကို စိုးရိမ်ရအောင် လုပ်မိနေသည်ပဲ။ ဆိုဖာပေါ်ကရှောင်းကျန်းနှုတ်ခမ်းလေးကိုအနမ်းပေးကာ ပျော်ပျော်ရွှင်ရွှင်ဖြင့်ပြောလိုက်၏။

"ဒီရက်အပြင်သွားစားကြတာပေါ့ ဖေဖေ ရေခဲမုန့်၀ယ်ကြွေးမယ်"

ရှောင်းကျန်း ချက်ချင်းမျက်လုံးအရောင်လဲ့သွားပြီး ကျန်းချိုးလည်ပင်းကို သူ့လက်သေးသေးတို့ဖြင့်ဖက်ကာ တည်တည်ငြိမ်ငြိမ်ပြောလာသည်။

"အဖေ ဖေဖေကြီးက ပြန်လာမှာပါ ကျတော်တို့စောင့်ကြတာပေါ့"

"Ok သူကိုစောင့်ကြတာပေါ့"

ကျန်းချိုး ရှောင်းကျန်းကို အောက်ထပ်မှာထမင်းစားပြီးပြန်တက်လာချိန်မှာ ခေါင်းခဲစရာကိုစဥ်းစားလိုက်မိ၏။ သူက နောက်၂ရက်နေရင်ကျောင်းပြန်တက်ရတော့မည်။ ဒါဆို ရှောင်းကျန်းက သူကျောင်းတက်နေတုန်းဘယ်လိုနေမှာလဲ? ဒီနေရာနားက မူကြိုကျောင်းတစ်ခုရှိနေတော့ သူ့ကိုလောလောဆယ်တော့အဲ့မှာ ထားရမှာပါပဲ။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now