Chapter 5.1

14.9K 2K 33
                                    

ဖီးရှန်ဟွေး၀မ်ဂူ (3)

ကားအပြင်ဖက်တွင် လူလေးယောက်တဲထိုးနေချိန်တွင် လောင်ဒါးတစ်ယောက် တွန့်ကြေနေသည့် စာရွက်ပိုင်းတစ်ခုအား .အတင်းဖြန့်ရင်း စူးစူးစိုက်စိုက်ရှိနေလေ၏။

ကျန်းချိုး ကားရပ်ရာနေရာအား စေ့စေ့စပ်စပ်လေ့လာမိခြင်း၏ရလဒ်မှာ တောင်ဘယ်မှာ၊ မြောက်ဘယ်မှာမသိလှသော စိမ်းစိုစိုတောင်များနှင့် တောတန်းတစ်နေရာဖြစ်ကြောင်းသိလိုက်ရခြင်းပင်။ ဘေးတွင်ကားပေါ်မှမဆင်းသေးပဲ ထိုင်နေသော လီစူးအား နောက်တစ်ဖန်မေးရပြန်သည်က သူ၏ ကုလားသေကုလားမောအိပ်ချိန်ပင်။ တစ်ဖက်ကလူမှာ စိတ်ရှည်ရှည် ပြန်ဖြေ၍တော်သေး၏။

ကျန်းချိုးမိမိကိုယ်ကိုမိမိ အောချမိပြန်လေသည်။

"ငါတကယ်ကြီး ၂၄နာရီကြာအောင် အိပ်လိုက်မိတာပဲ"

လီစူးထိုအပြောအား ဘာမှပြန်လည်မဖြေကြားမိပဲ လှည့်ကြည့်မိရာတွင် သကောင့်သားမှာ သူ့ဗိုက်သူပွတ်ရင်း ဝက်ည ည်း ည ည်းနေလေသည်။

"အဲ့တာကြောင့် ငါ့ဗိုက်လေးက အရမ်းဆန္ဒပြနေတာနေမှာ"
•••••

တဲရှေ့တွင် မီးဖိုထားပြီး ရေနွေးတည်နေသဖြင့် မီးပုံဘေးတွင် တစ်ဖွဲ့လုံးထိုင်နေကြလေသည်။

ကျန်းချိုးမှာကား သူရထားသော ဘီစကွတ်မုန့်ဝေစုလေးအား ပါးစပ်အပြည့်ဖိသိပ်ထည့်ရင်းစားနေပုံမှာ ရှဉ့်ကလေး သစ်သီးစားနေသကဲ့သို့ပင်..တကျွတ်ကျွတ်နှင့် ဗိုက်စည်းစိမ်ခံနေလေသည်။ မကြာလိုက်ပါချေ။ ရေသောက်ချင်သော အာသာက ထဖောက်လာပြန်သည်။ မီးဖိုပေါ်မှ ရေနွေးကိုလှမ်းကြည့်လိုက်မိသော်လည်း ရေနွေးမပွက်သေးပေ။ ဘေးမှ လီစူးခွက်တစ်ခွက်လှမ်းလာသောကြောင့် ကျန်းချိုးမအူမလည်ဖြင့် မျက်ခုံးပင့်အသံတိတ်မေးလိုက်မိသည်။

"?"

လီစူးအကြည့်ဖြင့်သာပြန်ဖြေနေလေသောကြောင့် ကျန်းချိုးဘာဆိုလိုနေမှန်းတကယ်မသိ။ ဒုတယန်ဘိ ဟန်ပြသောအခါတွင်မှ ထိုအူကြောင်ကြားမှာ သူ့အားရေခွက်ကမ်းပေးနေမှန်း ရိပ်မိတော့လေသည်။.သူသဘောပေါက်လျင်ပေါက်ချင်း ရေခွက်အား အလျင်စလိုမော့သောက်လိုက်ပြီးမှ ကျေးဇူးတင်လိုက်မိသည်။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now