Chapter 1.2

25.5K 2.5K 18
                                    


Unicode

သူ့ရဲ့ ရင်ဘတ်မှာ markingရာကြီးတစ်ခု..ပြီးတော့ သူ့ရဲ့ခြေထောက်နှစ်ဖက်ကြားကနေရာမှာရော...
ကျန်းချိုးသူ့ရဲ့အိမ်မက်ကြီးကိုပြန်တွေးလိုက်မိတော့ မျက်နာချက်ချင်းကြီးရဲတက်သွားရလေသည်။ သူအံကြိတ်ချိန်တောင်မရလိုက်။ ခြေသံတွေနဲ့သူ့နာမည်ခေါ်သံကိုကြားလိုက်သည့်အချိန်လေးအတွင်း အဝတ်တို့ကိုကမန်းကတန်းပြန်ဝတ်နေရလေသည်။

"oh God ဘုရားမလို့ မင်းကိုပြန်တွေ့တာ"

သုတေသီခေါင်းဆောင်သည် ယခုရောက်နေသည့်ပတ်ဝန်းကျင်အားမစူးစမ်းမိဘဲ ကျန်းချိုးကိုတွေ့လိုက်ရလို့စိတ်အတော့်ကိုပေါ့သွားလေဟန်ဖြင့်ပြောလာလေ၏။

ကျန်းချိုးကတော့သူ့အောက်နားက စိုစိုကြီးအားခံစားလိုက်မိပြီး မည်သည်ဖြစ်ကြောင်းတွေးလိုက်မိသဖြင့် မျက်နှာပျက်သွားလေသည်။
:တော်သေးတယ် သူတို့အရောက်နောက်ကျလို့..ဟူး:

"OMGဒီမီးအိမ်တွေက အခုထိလင်းနေသေးတယ်!"

"ခေါင်းဆောင် မြင်လား ဒီမှာကျောက်စိမ်းကုတင်ကြီး"

ကျန်းချိုးဘေးဘီဝဲယာကိုအကဲခတ်လိုက်ပေမယ့် မျက်လုံးနီကြီးနဲ့လူကိုတော့မတွေ့မိတော့ပေ။သူ့တစ်ကိုယ်လုံး ကိုင်ဆောင့်ထားသကဲ့သို့ခံစားနေရ၏။ ပါမောက္ခအားမြင်တော့မှ ကြောက်လန့်စိတ်တို့ အနည်းငယ်လျော့ကျသွားလေသည်။

"ရှောင်းချိုး အဆင်ပြေရဲ့လား"

ပါမောက္ခက စိုးရိမ်တကြီးမေးလိုက်ပေမယ့် အိမ်မက်ဆိုးကြီးနှင့် သူ့ကိုပေါ်က အမှတ်ကြီးတို့တွင်သာ စိတ်ရောက်နေသဖြင့် ပြန်မဖြေခဲ့မိ။ သူက ယောင်္ကျားအရင့်အမာကြီးဖြစ်ပါလျက်နှင့်အခြားယောင်္ကျားတစ်ယောက်နှင့်အတူ​ေနတာကိုအိမ်မက်မက်သတဲ့။နောက်ပြီး အဲ့ဒီသူက လူလား၊ သရဲလားတောင်မသိပဲနဲ့လေ။

သူယောင်ယောင်နနဖြင့်သာ ပြန်ဖြေလိုက်မိသည်။

"အဆင်ပြေပါတယ်..နည်းနည်းလေးအေးနေတာလေးတစ်ခုပါပဲ"

ပြောပြီးချက်ချင်းအကြောင်းအရာပြောင်းလိုက်မိသည်။

"ပါမောက္ခ.. ဘာလို့ဆရာတို့အားလုံးဒီကိုရောက်လာကြတာလဲ"

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now