Chapter 51.1

6K 933 27
                                    

ရှဲကျီ(7)

......သဲမုန်တိုင်း....

ကျန်းချိုးနောက်ပြန်လှည့်ကြည့်တော့ ထိုပိုင်ကွမ်ဂန်မှာ သူ့နေရာသူပြန်ထိုင်နေသည်ကိုမြင်မှ သူ့နောက်ကျောက အပ်စိုက်ရာလိုခံစားချက်က ပျောက်သွား၏။ သူတို့အခန်းပြန်လာချိန်တွင် လမ်းမှာ ချီရှီနှင့်ဆုံလေ၏။ သူ့နောက်မှာတော့  လက်ထောက်ရှောင်၀မ်ကပါလာပြီး ချီရှီဆံပင်တို့ကရှုပ်ပွလျက်နှင့် လူကလည်းအလွန်နွမ်းနေပုံပင်။ သူ ကျန်းချိုးတို့ကိုခေါင်းငြိမ့်နှုတ်ဆက်ပြချိန်တွင် ရှောင်၀မ်က သူ့ကိုမြန်မြန်အနားယူအိပ်ယာ၀င်ရန်သာလောနေပြီးမနက်ဖြန်မနက်လေးနာရီတွင် သဲသောင်ဆီပြန်သွားရမည်ဖြစ်ကြောင်းသတိတွေပေးနေ၏။ ချီရှီမှာ သန်းနေရာကပင် ထိုစကားကြောင့်ရှုပ်နေသည့်ခေါင်းက ခြင်္သေ့ခေါင်းဖြစ်သွားလျက်

"ငါ့ကိုသတ်နေတာလား ဘယ်ထုတ်လုပ်ရေးကမှ သူတို့လောက်မလောဘူး"

"ဒါက ဒါရိုက်တာကျန်းရဲ့ ရိုက်ကွင်းပဲလေ အကိုချီ ပြန်ခံမပြောနေပဲ အိပ်သင့်ပြီ"

"ငါအစက ရှောင်းကျန်းလေးအတွက် မြေခွေးလေးဖော်ပေးမလို့ကို ဒါပေမယ့် ငါရောက်ရောက်ချင်း ရိုက်ကူးရေးထဲခေါင်းနစ်နေတယ် မနက်ဖြန်လည်းထပ်သွားရဦးမယ် နောက်တစ်ခါဆို ဒီလိုအလုပ်မျိုးဘယ်တော့မှလက်မခံတော့ဘူး"

ချီရှီ ကျန်းရှီးလေးခေါင်းကို စိတ်မသက်မသာပွတ်ပေးရင်း

"ဘယ်သူက ဒါရိုက်တာနာမည်ကိုဂရုစိုက်နေလို့လဲ မျက်နှာချောလေးရှိတာ မကောင်းတာများလား ? နောက်ဆုံးတော့ အမဖန်က ငါ့ကိုနားလည်မှုလွှဲနေတာဖြစ်မယ်"

ရှောင်၀မ်မှာ စိုးရိမ်တကြီးဖြင့်

"အကိုချီ ဘာတွေပြောနေတာလဲ ဒီလောက်ပွင့်ပွင့်ကြီးပြောနေတာ အဖွဲ့သားတွေကြားရင် အကို ဒါရိုက်တာကိုမကြိုက်ဘူးလို့ထင်နေဦးမယ်"

ချီရှီမှာစကားများပြောချင်သေးသော်လည်း လီစူးက ကျန်းရှီးလေးကိုသယ်သွားပြီဖြစ်ပြီး ကျန်းချိုးကလည်း သူ့ကိုအပြုံးမျက်နှာဖြင့် နှုတ်ဆက်ထွက်သွားလေပြီ။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now