Chapter 29.2

9.2K 1.1K 37
                                    


Boss၏ စူးစူးရှရှ နာနာကျင်ကျင်အော်သံကြီးက ရှောင်းဂေါင်အသံလိုမျိုး..ထို့နောက်တွင်တော့ အသံလုံးဝပျောက်ကွယ်သွားပြီး လေထုထဲတွင်တော့ ထိတ်လန့်ဖွယ်အခိုးအငွေ့တို့ ပျံ့နှံ့သွားလေ၏။ ကျန်းချိုးရင်တွေတုန်လာလျက် လီစူးလက်ကိုအောက်ချပြီးကြည့်လိုက်၏။ မြေပေါ်တွင်မှောက်လျက်မလှုပ်မယှက်ဖြစ်နေသူ bossမှာ သေ သွားသည်လား..မေ့မျောသွားခြင်းလားတော့ မသေချာသော်ငြား ခနကအသံနက်ကြီးနှင့်တော့ အသက်ရှင်ဖွယ်ရာလမ်းမရှိ။

အနီရောင်မမမှာ အပေါက်နားတွင် တုန်ရီနေ၏။ သူ့နားလျှောက်လာသည့် လောင်ဒါးမှာ နှုတ်ခမ်းထောင့်မှ သွေးစတို့ကိုအားပါးတရလျှက်လျက် ကျေနပ်နေပုံပင်။ ဖောက်ထားသည့်ဝင်ပေါက်မှ နှစ်ယောက်စလုံးပျောက်ကွယ်ချိန်တွင် လီစူးအချက်ပြလိုက်သဖြင့် သုံးဦးသား တဲရှိရာနေရာသို့ ပြေးသွားလိုက်၏။

မီးရောင်အောက်မြေပေါ်တွင်တော့ အလောင်းက အထင်းသား။ bossပုံစံဝတ်ထားသူမှာ သွေးအားလုံးခမ်းခြောက်သွားပြီး သေနေခဲ့ဟန်ပင်။ သူ့အရိုးတို့သာငေါထွက်နေသည့်ကြားက မျက်ဝန်းတစ်စုံတွင်တော့ ထိတ်လန့်မှုကြောင့်အပြင်ပြူးထွက်နေ၏။

ထိုမြင်ကွင်းက ကျန်းချိုး ဗိုက်ထဲထုံကျင်မှုကိုဖြစ်သွားစေလျက် နှလုံးပါတင်းကြပ်သွားစေ၏။

"မကြည့်နဲ့..ကိုယ့်နောက်ပဲ ကပ်လိုက်ခဲ့"

လီစူးပြောနေရင်းမှ ကျန်းချိုးမျက်နှာအခြေအနေမဟန်သည်ကိုမြင်၍ မျက်ခုံးတွန့်ချိုးသွား၏။

"မင်းအဆင်ပြေရဲ့လား"

"အဆင်ပြေတယ်..ဆင်းကြရအောင်"

လီစူးက ရှေ့ကဦးဆောင်သွားလျက် ကျန်းချိုးက အလယ်တွင်..နောက်ဆုံးက ဖီးရှန်..သူတို့သုံးဦး ဟန်ချက်ညီညီဆင်းလိုက်ကြ၏။ ဘယ်လောက်မှမကြာလိုက်.. ကျန်းချိုးဗိုက် နာနာကျင်ကျင်ဖြသ်လာလျက် နဖူးချွေးတို့ပြန်လာ၏။ အရှေ့က လီစူးရုတ်တရက်ရပ်လိုက်သဖြင့် နှဖူးကပါ နာကျင်မှုက ထပ်ဆင့်။

"ဘာလို့ ရုတ်တရက်ကြီးရပ်လိုက်ရတာလဲ..တခုခုဖြစ်လို့လား"

ကျန်းချိုးအတတ်နိုင်ဆုံး စိတ်ဖြေလျော့နေသော်လည်း နာကျင်မှုက ပိုပိုဆိုးလာပြန်သည်။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now