Chapter 74(full chapter)

3.4K 698 104
                                    

ကဲ ကဲ revisionလေးပြန်ထားကြ🤡

ပိုးလမ်း(8)

လေထန်သည့်တောင်တက်လမ်းကတော့ အန္တာရာယ်တွေလက်ကမ်းလျက်။ မတ်စောက်လွန်းတဲ့ တောင်မှာ မလိုက်မဖက် လှပလွန်းသည့် ရှူခင်းတွေအပြည့်။ ဖေးချင်ကမောင်း ချီရှီက ဘေးက လမ်းညွှန်လုပ်လျက် ဘယ်လိုသွားရမှာလဲသာ တစ်ချိန်လုံးတိုင်ပင်နေတော့၏။

"လမ်းခွဲကနေ ဘယ်ဖက်ချိုးလိုက်”

"ငါမှတ်မိတာ မြောက်ဖက်လားလို့ အဲ့ဆိုတည့်တည့်သွားရမှာမဟုတ်လား”

"ငါမှတ်မိတာကမှ အတည် မင်းဒီပုံနဲ့မောင်းနေရင် မြစ်ထဲထိုးကျသွားလိမ့်မယ် သတိထား”

"မြစ်ထဲကျမယ်ဆိုရင် ငါတို့ရောက်ပြီလို့ဆိုလိုတာပဲလေ”

သူတို့တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း အနောက်ဖက်လှည့်လာကာ

"ထူးဆန်းတယ် လမ်းကဒီလောက်မရှုပ်တာသေချာပေမယ့် နီးလာလေ တစ်ခုခုမှားနေလေပဲ”

ချီရှီလည်း ထိုနည်းလည်းကောင်းခံစားနေရ၏။ လီစူး ကားအပြင်ကိုတစ်ချက်ကြည့်တော့မှောင်ပင်နေပြီ။

"နားစရာအရင်ရှာကြမယ်”

ချီရှီခေါင်းငြိမ့်လိုက်၏။

ကားထဲက ဝေါ်ကီတော်ကီသံထွက်လာသဖြင့်ကျန်းချိုးကိုင်လိုက်တော့ ကောင်းကျိဟောင်ရဲ့ စိတ်မရှည်သည့်လေသံက ဆီးကြိုလျက်။

"ဘာဖြစ်တာလဲ? ရောက်ပြီလား?”

"မရောက်သေးဘူး လမ်းပျောက်နေလို့ ဒီညတော့ တည်းစရာရှာပြီး မနက်မှခရီးဆက်ရလိမ့်မယ်”

"သူတို့သွားတုန်းက တစ်နာရီတောင်မကြာတဲ့ခရီးက အခုတစ်ရက်တောင်မရောက်ဘူး သက်သက်မဲ့.....”

ဝစီပိတ်နေရသည့် ကျန်းချိုးအရှေ့ကြည့်တော့ သူတို့ထက်အလုပ်ရှုပ်စရာလူမရှိနိုင်တော့သည့် ငမိုက်သားနှစ်ယောက် ခရီးဆက်နေလေ၏။

တစ်နာရီလောက်ခရီးဆက်အပြီး မှိန်ပြပြမီးရောင်နှင့် ရွာတစ်ရွာရောက်လာ၏။ ရှုခင်းသာသဖြင့် ခရီးသွားများဟန်ပင်။ ဟိုတယ်သေးသေးလေးတွေ ဆောက်ထားသည်ကအများအပြား။ ကျန်းချိုးတို့ငါးခုမြောက်ဟိုတယ်တွင်ရပ်လိုက်၏။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now