Chapter 60(full chapter)

6.1K 929 58
                                    

ကျုံးရှန်ပြည်(7)

ချီကျိရုန် ဟိုတယ်အခန်းထဲကထွက်မလာပေ။ အချီကြီးပွထားသည့်ကျန်းယုရွှေကတော့ သူတို့ကိုလိုက်ကျွေးဖို့ခေါ်သော်လည်း ချီရှီကတော့ လူယုတ်မာအပြုံးဖြင့် သူ့ရှောင်ရုန်ရုန်နားအဖော်ပြုဖို့မလိုက်တော့ဘူးဆိုပဲ။

"မင်းတို့မသိပါဘူး ငါ့ရှောင်ရုန်ရုန်လေးက  တက်ကြွတဲ့သူဆိုတာ"

ရှောင်ရုန်ရုန်တက်ကြွမကြွတော့မသိ။ ချီရှီကတက်တက်ကြွကြွပင် ဘောလုံးပုံပြောင်းပြီး အခွင့်ထူးချောင်းရန်လစ်သွားပေပြီ။

ရှောင်းကျန်း လီစူးကိုလိုက်မလားမေးလိုပေမယ့် ထိုသူ့ကိုရှာမတွေ့။

"ထူးဆန်းတယ်"

နောက်ဆုံးရှောင်းကျန်းလေးနှင့်သာသွားလိုက်ရ၏။ ဒီရက် ဖေးချင်ပွဲထုတ်လာသည့်လင်းတန်၏ အ၀တ်က အမွေးပွပွတို့နှင့်။ အဖြူရောင်အမွေးပွJacketနှင့် ဦးထုပ်ပေါ်က ပန်းရောင်ယုန်နားရွက်နှစ်ဖက်ကုတ်ကုတ်နှင့် ထိုဦးထုပ်အောက်က မျက်နှာက လက်ဖဝါးတစ်ပါးစာတောင်မပေါ်တော့။ ပုံစံက အလွယ်ပြန်ပေးဆွဲချင်စရာကလေးပုံစံလေး။

ကျန်းချိုး ဒီနေရာက လူမျိုးနှစ်မျိုးနှင့်အတော်အသားကျနေပေပြီ။ သူတို့အခုနေသည့်နေရာက မြို့သေးသေးလေးဖြစ်သော်လည်း မွန်ဂိုလီးယားနှင့်ကော ရှန်းပိုင်ယဥ်ကျေးမှုပါလွှမ်းနေသည့်နေရာ။ ထိုမတူညီသည့်ဒေသနှစ်ခုက ပြုမူနေထိုင်ပုံတွေကလည်းအတော်ကွာလှသဖြင့် မြို့နှစ်မြို့ကြားခွနေသလိုခံစားရစေသည်။

သူတို့စားသောက်ဆိုင်ပိုင်ရှင်ကိုမှာပြီးစောင့်နေချိန်တွင် စားသောက်ဆိုင်ထဲကလူအများက သူတို့ကိုစပ်စပ်စုစုကြည့်နေကြသည်။ ကျန်းချိုးအတွက်စိတ်ကျဥ်းကျပ်စရာဆိုသော်လည်း ကျန်သူများကတော့ အသားကျနေသလိုပင်။ ထိုမျက်လုံးများကို ဂရုမစိုက်ကြတော့။ ကျန်းချိုးတစ်ယောက်သာ နေမထိထိုင်မသာဖြင့် ထိုသူတို့ကိုပြန်လှည့်ကြည့်လိုက်တော့ သူမမျှော်လင့်ထားသည့် ထိုသူတို့မျက်နှာပေါ်က ဖြူစင်သည့်အပြုံးတို့ကိုမြင်လိုက်ရ၏။ ထို့နောက် တစ်ယောက်ယောက်က သူတို့ကိုမေးလာ၏။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now