Chapter 6.1

14.5K 1.8K 39
                                    

ဖီးရှန်ဟွေးဝမ်ဂူ

လောင်​ဒါးဆိုသူ၏ မျိုးရိုးအမည်​မှာ ကျင်းဖြစ်​ပြီး အသက်​​လေးဆယ်​အရွယ်​ အရပ်​မှာသာမာန်​သာဖြစ်​လျက်​ 'အကိုကြီး´ဟု ​ခေါ်ခံထိုက်​​လောက်​​သောအသွင်​အပြင်​အပြည့်​ရှိသူပင်​။ သို့ပါ​သော်​လည်း ယခုလုပ်​​နေ​သောအလုပ်​မှာ ထိုဂုဏ်​ပုဒ်​အား သ​ရော်​​နေသကဲ့သို့ပင်​။

လောင်​ဒါးလက်​များတုန်​​နေလျက်​ ညှပ်​ထားသည့်​ စီးကရက်​အား မီးညှိထား​သော်​လည်း တစ်​စက်​က​လေးမျှမထိ...နှုတ်​မှလည်းတစ်​ခွန်းမှ မထွက်​လာ ..တိတ်​ဆိတ်​စွာဖြင့်​ပင်။ ​ဘေးမှ အားတက်​သ​ရောနားစွင့်​​နေကြ​သော ကျန်​​လေးဦးမှာ စိတ်​မည်​သို့မျှမရှည်​နိုင်​​တော့ပဲ ​လောင်​အာဟူသည့်​ စိတ်​အရှည်​ဆုံးသူပင်​ စကားစလာ​ပေသည်​။

"အကိုကြီး​..ဒါဆို ဂူက အဲ့ပင့်​ကူ​တွေ​အောက်​မှာ​ပေါ့..ဟုတ်​လား"

လောင်​အာ ​ပြောပြီးပြီးချင်း မဲနက်​နက်​ပင့်​ကူများအား ပြန်​မြင်​​ယောင်​လာပြီး ​ခေါင်းကျိမ်း​ကျောချမ်းသွား​လေ​သော်​လည်း...မက်​​လောက်​စရာဂူကြီးအ​ကြောင်းစိတ်​​ပြောင်းလိုက်​သည်​တွင်​ ​ကြောင့်​လန့်​မှုကြီးက ဘယ်​ဆီ​ပျောက်​သွားမှန်းမသိ​တော့​ချေ။ ​လောင်​ဆန်းမှာလည်း ခပ်​​လော​လော စကားဆိုလာ​လေသည်​။

"အကိုကြီး..ဘာ​တွေ​စောင့်​​နေတာလဲ..လာသွားရ​အောင်​"

ကျင်း​လောင်​ဒါး စကားမ​ပြောပဲ ကျန်းချိုးနှင့်​ လီစူးအား ကြည့်​လိုက်​​သော​ကြောင့်​ ​လောင်​အာ.ချက်​ချင်းအထာ​ပေါက်​လျက်​ ညီအကိုတို့အား မျက်​စိမှိတ်​ပြလျက်​ ​ခေါင်းချင်းဆိုင်​လိုက်​​လေသည်​။ မျက်​နှာ​ပေါ်မှ အ​ပျော်​များမှာ​တော့ ဖုံးမနိုင်​ဖိမရ။

ခပ်​လှမ်းလှမ်းတွင်​ ရပ်​​နေ​သော ကျန်းချိုးမှာ ထိုဆရာကြီးစတိုင်​အထာကြီးနှင့်​ လူများအား ​မ​ကျေမနပ်​ ​ရေရွတ်​လိုက်​မိသည်​။

"သူတို့က ငါတို့ကိုများ အရူးထင်​​နေတာလားမသိဘူး. ..သူတို့မျက်နှာမှာ​အဲ့​လောက်​​ပေါ်​နေတာကို...ဒါနဲ့ ​တွေ့ပြီလို့​ပြောပြီး ဒီမှာဘားမှမ​တွေ့ဘူး​နော်​"

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now