Chapter 35(full chapter)

12.3K 1.4K 96
                                    

ကျင်းဘုရင်ဟွေ့ဂူ(3)

           လေလံပွဲက မိန်းမပျို

"ပို့တဲ့သူကရော"

"ထွက်သွားပါပြီ ဆရာ"

အိမ်အကူထွက်သွားသည်နှင့် လုဖန်စားပွဲပေါ်က စာအိတ်ကိုညွှန်ရင်းပြောလိုက်သည်။

"ဒါကျတော်ပြောတဲ့ ဖိတ်စာပဲ"

ကျန်းချိုး စာအိတ်ကိုဖင်တပြန်ခေါင်းတစ်ပြန်ကြည့်လိုက်သော်လည်း ပို့သူနာမည်မပါချေ။ သူ လီစူးဖက်လှည့်ကြည့်ရင်း မေးလိုက်၏။

"သွားမှာလား မသွားဘူးလား"

"ဘာလို့မသွားရမှာလဲ"

သူတို့အားလုံးဖိတ်စာမလောက်လို့ပူခဲ့ရသည့်အပူက အခုတော့ တစ်ပူငြိမ်းပြီဟုဆိုရပေမည်။ ပေးသူက ဘာရည်ရွယ်ချက်နဲ့ဖြစ်ဖြစ် သူတို့ကလဲ သူတို့ရည်ရွယ်ချက်အထမြောက်ဖို့ လုပ်ဆောင်ရန် ခြေတစ်လှမ်းတိုးရုံပင်။

ပွဲမရောက်ခင်နှစ်ရက်အလိုကို စီနီယာအိမ်တွင်သာ တည်းလိုက်၏။ ဟွားဟွားအတွက်တော့ ကျန်းရှီလေးနှင့်အချိန်ကောင်းတွေ ပိုင်ဆိုင်လိုက်ရသလိုပင်။ နေ့လည်လောက်တွင် မျက်လုံးမျက်ဖန်ကောင်းကောင်း ညီငယ်လေးတစ်ယောက်ရောက်လာ၏။ စီနီယာပြောသည်ကတော့ သူ့ဘေးအိမ်မိသားစုက ရန်းပေါင်လို့ခေါ်သည့် ကောင်လေးဖြစ်ပြီး သူနေမကောင်းလို့ သူမိဘတို့က ဒီအေးရိပ်မြုံဖက်ပြောင်းလာကြောင်းပြော၏။

:ဘယ်လိုတောင် ချမ်းသာနေကြတာလဲ:

ဒီနေရာက အိမ်ကောင်းတစ်လုံးပိုင်ဖို့ အနည်းဆုံး  တစ်အနောက်က သုံည၈လုံးလောက်တော့လိုပေမည်။

ကလေးသုံးယောက်ကစားတာကြည့်ရင်း ကျန်းချိုးသိလိုက်သည့်အချက်က ထိုရန်းပေါင်လေးက ဟွားဟွားကိုအရမ်းကာကွယ်ပေး ပြီး သူ့သားဆီမရောက်ကို ဆွဲခွာနေတတ်၏။ ဟွား သူ့သားကိုနမ်းလိုက်ပြီဆို ထိုရန်းပေါင်မျက်နှာကြီးဆူပုတ်ပြီး ဟွားကိုသွားသွားနမ်းတတ်၏။

:ဘာကြီးက မှားမှန်းမသိ တစ်ခုခုမှားနေသလိုပဲ:

ကျန်းချိုး ခံစားချက်မကောင်းသဖြင့် သူ့ကိုသူ ထိုကလေးတွေက ၅နှစ်၆နှစ်သားလေးတွေဆိုတာ ပြန်ပြန်သတိပေးနေလိုက်၏။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now