Chapter 14.2

12.5K 1.8K 34
                                    

"သူ့ကို ကျ​တော်​တို့ ဆံခြည်​တစ်​မျှင်​​တောင်​မထိထားပါဘူး..သူ့အထဲမှာ အိပ်​​နေတယ်​..အာ..​ရောင်းရင်းကလဲ..အဲ့အ​ကြောင်းပဲ စိတ်​ပူမ​နေပါနဲ့"

တစ်​ခနအကြာတွင်​ တံခါးဖွင့်​သံကြားလိုက်​ရပြီး အ​လောင်း​ကောင်​လို ​ကုတင်​​ပေါ်တွင်​ ​အ​တောင့်​လိုက်​အ​ချည်​ခံထားရ​သော ကျန်းချိုး မျက်​လုံးတို့သာ ​ဝေ့ကြည့်​လိုက်​နိုင်​​သော်​လည် ထိုသူ၏ စိုးရိမ်​တကြီးမျက်​၀န်းတို့ကို​တော့ တည့်​တည့်​စိုင်​ကြည့်​ဖို့ လုံ​လောက်​သွားပါရဲ့။ သူအခု အရမ်းကို လုံခြုံတဲ့ ကမ္ဘာထဲ ​ရောက်​သွားသလိုပါ​ပေ။

သူ့ကိုမြင်​လိုက်​​သော ထိုသူ၏ အကြည့်​တို့ကလည်း  လူသတ်​မျက်​လုံးတို့က​နေ နူးညံ့သည့်​ အကြည့်​သို့​ပြောင်းသွား​လေပြီ။

"လီစူး"

ကျန်းချိုး ၀မ်းသာအားရဖြင့်​ ကုန်း​အော်​လိုက်​​သော်​လည်း သူ့ပုံစံကိုကြည့်​မိ​သော လီစူးမျက်​လုံးထဲတွင်​​တော့ ​အေးစက်​စက်​ဖြစ်​​နေ​လေသည်​။ အ​နောက်​က လူမှာ မျက်​နှာ​ရောကာ​ရောဖြင့်​ ရယ်​ပြလာ​လေသည်​။

"သူ့ကို ဒီအတိုင်းချည်​ထားတာပါ..မနာပါဘူး "

ကျန်းချိုး ၀င်​လာ​သော တစ်​​ယောက်​ကိုကြည့်​ရင်း လန့်​ဖြန့်​သွား​လေသည်​။ သူက ကျန်း​လောင်​ဒါးဖြစ်​​နေပြန်​တာလား?

ကျန်း​လောင်​ဒါး ကြိုးဖြည်​​ပေးရန်​ ရွယ်​လိုက်​စဉ်​တွင်​ပင်​ လီစူးအရင်​သွားလိုက်​ပြီး ​လောင်​ဒါး​ရှေ့ တူရွင်းဖြင့်​ ချိန်​လိုက်​​လေသည်​။ ​လောင်​ဒါးတစ်​စင်​တီမီတာ​လေးတိုးလိုက်​မိရင်​​တောင်​ လက်​ပြတ်​နိုင်​သည့်​အ​နေအထား။

"​ကောင်းပြီ..မင်းလုပ်​လိုက်​..မင်းလုပ်​လိုက်​"

ကျန်းချိုး ကြိုး​ပြေသည်​နှင့်​ ချက်​ချင်းထရပ်​လိုက်​​သော်​လည်း အားနည်း​နေသဖြင့်​ ပြန်​လှဲကျသွား​လေသည်​။ သို့​သော်​ လီစူး၏ လက်​​မောင်း​ပေါ်တွင်​သာဖြစ်​​နေ​လေသည်​။ လီစူးမျက်​​မှောင်​ကြီး ကြုတ်​သွား​လေသည်​။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now