Chapter 13.1

13.6K 1.8K 93
                                    

Warning ပုစိ​ညှောင့်​​တောက်​​လေး​ပေးမယ်​​နော်​.. read at your own risk​နော်​..​နောက်​မှ..သာသာကလည်းဆိုပြီး ရှက်​ရမ်းလာမရမ်းနဲ့...

ဖီးနစ်​​သွေး (2)

ကျန်းချိုး ​ရေ​သောက်​ပြီး ပန်းသီးတစ်​လုံးသာ ဖိကိုက်​လျက်​ တကျွတ်​ကျွတ်​၀ါးလိုက်​ရင်း  အစိုးမရ လှုပ်​ရှား​နေ​သော စိတ်​အစဉ်​ကို မနည်း​ဖြေ​လျော့လိုက်​၏။ အခန်းထဲပြန်​မ၀င်​ခင်​ မျက်​နှာကို အထပ်​ထပ်​ပွတ်​ရင်း ကိုယ့်​ကိုကိုယ်​အား​ပေး​နေရ​သေး၏။

"တည်​တည်​​လေး​နေ..ပြီးမတုန်​​နေစမ်းနဲ့..ဟုတ်​ပြီလား"

တံခါးကို တွန်းဖွင့်​လိုက်​ပါ​သော ကျန်းချိုးလက်​တို့ လက်​ကိုင်​ဘု၌ပင်​ ခိုင်​သွားရ​လေသည်​။
***ဒီ​ကောင်​ ဒါသက်​သက်​ ငါ့ကိုနှိမ်​​နေတာ***

အခန်းထဲတွင်​ လီစူးမှာ ​ရေချိုးခန်းသုံး ကိုယ်​သုတ်​ပ၀ါကိုခါးတွင်​ပတ်​ထားလျက်​: သူ့အ​ပေါ်ပိုင်းတစ်​ခုလုံး ဗလာကျင်း​နေလျက်​ သူ့ဆံပင်​ရှည်​ရှည်​တို့မှ တစက်​ချင်း တစက်​ချင်းကျ​နေ​သော ​ရေစက်​​လေးတို့က တဆင့်​ချင်းစီ တစက်​ချင်းစီ ပ၀ါ​အောက်​ထဲသို့ တ​တောက်​​တောက်​စီးဝင်​သွား​လေသည်​။ လီစူးအသားမှာ ဖြူလွန်းအားကြီး၍ေ ​ကြွရောင်​ထ​နေ​သော်​လည်း ခွန်​အားတို့ကို​တော့ အထင်​မ​သေးသင့်​။ သူ့တွင်​ ရှည်​လျား​တောင့်​ခိုင်​သည့်​ ​ခြေတံတို့ရှိ​ပေ၏။ ကျယ်​​ပြောသည့်​ ​ကျောပြင်​နှင့်​ ကျစ်​ကျစ်​လျစ်​လျစ်​ ခါးသိမ်​​လေးလည်း ရှိ​နေပြန်​၏။ ရုပ်​ရည်​? အမြဲတမ်း ချီးကျူးခဲ့သည့်​အတိုင်း အခုထိမ​လျော့​သေး။

လီစူးမှာ ကျန်းချိုး၏ ​မြှောက်​လုံးပင့်​လုံး စိတ်​စကားကို ကြားသွားပုံနှင့်​ လှည့်​ကြည့်​လာ​လေသည်​။

ကျန်းချိုး ကိုယ့်​ကိုယ်​ကို ပြန်​ကျိန်​ပြီးပင်​ ​မေးလိုက်​ချင်​သည်​။ ဒါသူ့ရင်​ခုန်​သံအစစ်​​ကော ဟုတ်​ရဲ့လားဟု။.အပြင်​က​နေ အတိုင်းသာ စည်းချက်​ညီ​နေပါ​သော ရင်​ခုန်​သံတို့က လီစူး၏ ​နောက်​လှည့်​ကြည့်​​​သောအကြည့်​​တစ်​ချက်​တည်းနှင့်​ ဖြစ်​တည်​သည်​? ကျန်းချိုး သူ့ရင်​ဘတ်​ကို လက်​က​လေးဖြင့်​ဖိလိုက်​ရင်း ပက်​ကြားအက်​မတတ်​​ခြောက်​​နေသည့်​ ပါးစပ်​ကြီးဖြင့်​ပင်​ ​မေးလိုက်​​သည်​။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now