Chapter 31.1

10.5K 1.6K 76
                                    

အတိတ်ဘ၀(9)

ဤအဖြစ်က တစ်စက္ကန့်မျှသာကြာလေသောကြောင့် ဘယ်သူကမျှ ခုခံကာကွယ်ချိန်မ၇လိုက်ကြ။ ဒဏ်ရာနှင့် BODUGUARDက ဟွားတင်ကို သေနတ်ပစ်လိုက်ပြီးဖြစ်သလို ကျန်းချိုးဘေးက လီစူးမှာ ဟွားတင်ကို ကူရန်လှည့်သွား၏။ ထိုအချိန်လေးအတွင်းတွင်ပင် ကျန်းချိုး မမနီအရေခွံခြုံထားသည့် လောင်ဒါးအဖမ်းခံလိုက်ရပေပြီ။

ဖီးရှန်က အထဲမှာ အခေါင်းပေါ်က လူကိုစစ်ရန်၀င်ကြည့်တုန်းလေးပင်။ ထိုလူက ပြောရလျှင် အပေါက်ပေါက်ဖြစ်နေသော လူသားအရေခွံ.....ထပ်ပြောရလျှင် လောင်ဒါးရဲ့အရေခွံသက်သက်မျှသာ။ ထိုအရေခွံက ပြန်ဖာလို့မရတော့လေသောကြောင့် မမနီအရေခြုံလိုက်ခြင်းပင်။ ဂူထဲစ၀င်တုန်းကတည်းက လောင်ဒါးမှာ လမ်းတွေကို သိနေခဲ့ပုံပင်။ ပထမဆုံး မမနီအား ပင်မဂူဆီခေါ်လာပြီး ထိုမမနီကလည်း လွတ်မြောက်အောင်ကြိုးစားခဲ့ပေလိမ့်မည်။ ထ်ုလောင်ဒါးက သူ့ကိုသူကာကွယ်ဖို့ရန် မမနီကိုသတ်ပြီး အခွံပြောင်းလိုက်ပုံပင်။ နောက်ပိုင်း လုဖန်တို့လာသည်ကို မြင်ပြီး အကူအညီတောင်းဟန်ဆောင် လိုက်ပါလာခဲ့ပေသည်။

ဖီးရှန်နှင့် လီစူးလည်း သူ့လိုရင်းကိုသိလိုက်၏။ သို့သော်အခု လောင်ဒါးမှာ ဓားစာခံရသွားလေသောကြောင့် ​လီစူးကိုကြောက်တော့မည်မဟုတ်။ သူ့ရယ်သံတွင် သူ့ပင်ကိုယ်ရယ်သံနှင့်အတူ ခန္ဓာကိုင်ရှင် မိန်းမသံကပါရောနှောနေ၏။ ၀ိညာဥ်နှစ်ခုက ခန္ဓာတစ်ခုမျှသုံးနေသလိုပုံစံနှင့်...အသံကြီးကတော့ တစ်ဂူလုံးပဲ့တင်ထပ်သွားခဲ့လေပြီ။

"မင်းခြေတစ်လှမ်းထပ်တိုးတာနဲ့ ငါ ဒီကောင်ကို မသာပေါ်အောင်ချက်ချင်းလုပ်ပြစ်လိုက်နိုင်တယ်နော်"

ပြောရင်း ကျန်းချိုးလည်မျိုကို ပိုတင်းတင်းဖိလိုက် ကျန်းချိုးလည်တိုင်ကို သွားတို့နှင့်ပါ ထိလိုက်ပြီး တခစ်ခစ်လုပ်နေလေသည်။

"ဒီနေရာလေးက တကယ်ဖြူ၀င်းနေတာ တစ်ချက်လောက်ဖြစ်ဖြစ်ကိုက်လိုက်ချင်တယ်"

အခုအသံက မမနီအသံဖြစ်နေပြန်၏။ လီစူးမျက်နှာ တစ်ဖြေးဖြေးပို၍ပို၍ ပျက်ယွင်းလာသော်လည်း လောင်ဒါးဂရုမစိုက်ဟန်ပင်။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now