Chapter 34.1(warning)

15.8K 1.5K 154
                                    

Warning for 21plus and sexsual words

ကျင်းဘုရင်ဟွေ့ဂူ/2

..........ဂန္ဓာပန်းတစ်ဆုံး.......

ကျန်းချိုးအခုငှားထားသည့်အခန်းက အိပ်ခန်းတစ်ခန်းနှင့် ဟောခန်းတစ်ခန်းသာရှိလေပြီး ပရိဘောဂတွေက အိမ်ရှင်ဟာတွေသာ။ ထိုအရာတွေကလည်း ကျောင်းသားဘယ်နှယောက်တောင်သုံးခဲ့သည်မသိဆိုလျှင် ဘယ်လောက်တောင်စုတ်ပျက်သတ်နေလိုက်မလဲစဥ်းစားသာကြည့်။ သူအခန်းကို သပ်သပ်ရပ်ရပ်လုပ်လေ့ရှိပေမယ့်လည်း ထမင်းကိုတော့ အဆင်ပြေတဲ့နေရာမှာသာ ထိုင်စားစမြဲ။ အခု ဒီမှာ လီစူးနှင့် သားသားလည်းရှိနေပြီဆိုတော့ကာ အခန်းက အရမ်းများ ရှုပ်ပွပြီး စုတ်ပျက်နေသလိုပိုခံစားလိုက်ရသည်။ လီစူးရှင်းပေးပေမယ့်လဲ အပေါ်ယံခနပဲကြာမှာပဲလေ။ ဘယ်လိုဖြစ်ဖြစ် ကိုဟ့်ကိုယ်ကို အိမ်ဦးနတ်ဟု ခံယူထားသည့် ကျန်းချိုးကပဲ နေရာပြောင်းဖို့စဥ်းစားလိုက်ရတော့သည်။ မနက် ပဲနို့နှင့်မုန့်၀ယ်ပြီး သူ့ပိုက်စံလေးရေကြည့်တော့ အိပ်ခန်းနှစ်ခန်းပါတဲ့ အခန်းတော့ ငှားနိုင်လောက်ပါ၏။ ဒါဆို ကျန်းရှီလေးလည်း အခန်းတစ်ခန်းရမည်။ သူနဲ့ လီစူးလဲ.....

Oh စောင်အောက်မှာ စကားကောင်းကောင်းလေး ပြောနိုင်မှာလို့တွေးရုံပါ။

"ပဲနို့က ပူလို့လား"

ကျန်းချိူး လက်ရှိအချိန်ဆီပြန်ရောက်လာချိန်ထိ လီစူး ဆန်းစစ်နေဆဲ။

"အပူချိန်ကလဲ ပုံမှန်ပါပဲ အဲ့တာကို မျက်နှာက ဘာလို့ နီနေတာလဲ?"

လီစူးအကြည့်တို့က သိချင်စိတ်တို့အပြည့်။စိုးရိမ်တာပါပါလေ၏။

:ရိုးရိုးသားသားလေး စဥ်းစားနေရုံပါ:

ကျန်းချိုးအတွေးကိုရပ် မျက်နှာကိုတည်ရင်း ခေါင်းစဥ်ပြောင်းလိုက်၏။

"စားပြီးရင် ရှောင်းကျန်းလေးအတွက် နို့ဗူးသွား၀ယ်ရအောင်"

စားပွဲပေါ်ပါ ကျန်းရှီလေးကတော့ နို့ပန်းကန်ကြီးရှေ့ခေါင်းထုတ်ရင်း အားပါးတရလျှင်နေလေပြီးဘေးကို နို့တွေစင်သွားတာက်ု သဘောကျနေလေ၏။

"သူ့အတွက်အ၀တ်တွေလည်း ပို၀ယ်ပေးရဦးမယ်"

ကျန်းချိုး သူ့သားငယ်ငယ်လေးကိုကြည့်ရင်း ရင်မောနေမိ၏။ လီစူးကတော့ ဘားမှမငြင်း။ ကျန်း ချိုး ကလေးကို ပု၀ါနှင့်ပတ်ပေးလိုက်ရင်း ကျောပိုးအိတ်ထဲထည့်လိုက်၏။ သူတို့နှစ်ယောက် မနေ့ကသွားခဲ့သည့် supermarketကိုသာထပ်သွားခဲ့ပြီး ဒီတစ်ခါ နို့ဗူးတန်းဖက်မှာ သူ့ကျောင်းက ကျောင်းသူတစ်ယောက်အချိန်ပိုင်းလုပ်သည့် ၀န်ထမ်းပါရှိနေ၏။ ထိုကောင်မလေးက လီစူးလဲမြင်ရောအကြည့်မလွှဲနိုင်ဖြစ်နေသဖြင့် ကျန်းချိုး ချောင်းနှစ်ချက်လောက်ဟန့်လိုက်ရ၏။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now