Chapter 2.2

20.3K 2.5K 42
                                    

မိုးပင်​မလင်း​သေး ကျန်းချိုးတစ်​​ယောက်​ ကား​နောက်​ခန်းတွင်​ ​မွေးသဖခင်​ ​ကျေးဇူးရှင်​၏ တရွှတ်​တိုက်​ဆွဲ​ခေါ်မှု​ကြောင့်​ ပါလာရ​လေသည်​။ ဖခင်​ဖြစ်​သူ၏ ရထားဘူတာသို့ ကား​မောင်းစဉ်​တစ်​​လျှောက်​လုံး ငိုက်​မြည်းခြင်းခရီးစဉ်​သည်​ ​ခေါင်း​ခေါက်​နိုးခြင်းဖြစ်​စဉ်​တွင်​ အဆုံးသတ်​​ရ​လေသည်​။ ကျန်းချိုး ငိုမဲ့မဲ့ဖြင့် ​သူ့​ခေါင်းသူပွတ်​လိုက်​သည်​။

"ပါး..ကျ​တော်​တို့ဘယ်​သွားကြမှာလဲ?
မားကို​ကော ​ပြောပြီးပြီလား"
ဦးကျန်း သူ့သားအ​မေးစကားအဆုံး မျက်​ခုံးတစ်​ဖက်​တွန့်​လျက်​​ဖြေ၏။  "ငါ စာချန်​ထားခဲ့တယ်​" ထို့​နောက်​ စိတ်​မရှည်​ခြင်းများစွာဖြင့်​ သားဖြစ်​သူအား ရထား​ပေါ်သို့ဆွဲ​ခေါ်သွားရပြန်​သည်​။

ကျန်းချိုး ဇ​ဝေဇ၀ါဖြစ်​​နေ​သော်​လည်း သူ့မာမား  အဲ့စာကိုဖတ်​ပြီး ဘယ်​လိုကြီးဖြစ်​​နေမည်​ဆိုသည်​ကို​တော့ ​ကောင်း​ကောင်းကြီးပုံ​ဖော်​နိုင်​သည်​။

ရထားဆိုက်​မည့်​​နေရာသည်​ ကျန်းစူးဟူသည့်​ ပြည်​ငယ်​တစ်​ခုဆီသို့ပင်​။  ကျန်းချိုး ထို​နေရာကို တစ်​ခါမှ မကြားဖူး။ ​နွေရာသီဖြစ်​​လေ​သော​ကြောင့်​ ရထားး​ပေါ်တွင်​လည်း လူအပြည့်​။ ​ကျန်းချိုးနှင့်​ ဦးကျန်းတို့နှစ်​ဦးသား ​နေရာကိုအ​တော်​ ကြပ်​ကြပ်​တည်းတည်းရှာယူလိုက်​ရသည်​။ ရထားဆိုက်​မည့်​အချိန်​မှာကား ​နောက်၈နာရီမှဖြစ်​သည်​။

ခုံတွဲ၏ မျက်​နှာချင်းဆိုင်​တွင်​ ​ကျောင်းမှအတန်း​ဖော်​ ​ကောင်​မ​လေးနှစ်​​ယောက်​။ ကျန်းချိုးသူ့​ခုံသို့ဝင်​ထိုက်​လိုက်​​သောအခါ အိပ်​ချင်​မူးတူးမျက်​စိတို့အား ပွတ်​သတ်​​နေခြင်းကို အဆုံးသတ်​လိုက်​ပြီး ချက်​ချင်းကြီးတက်​ကြွသွားဟန်​ရှိ​သော ထို​ကောင်​မ​လေးနှစ်​ဦးမှာ ဤရထား​ပေါ်တွင်​ အလွန်​ခန့်​ညားထည်​၀ါလှ​သော ​ယောင်္ကျားပျို တစ်​ဦးအား ​တွေ့ဆုံကြုံကြိုက်​ရမည်​ဟု မ​မျှော်​လင့်​ထားသဖြင့်​ ဤခရီးရှည်​ကြီးတွင်​ ထို​ယောင်္ကျားပျိုအား မည်​သို့ စကားစရမည်​ကို အကြံအိုက်​​နေဟန်​ရှိ​လေသည်​။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now