Chapter 26(full chapter )

11.2K 1.5K 49
                                    

အတိတ်ဘ၀ (4)

ရှောင်းလျို့ ထွက်ပြေးသွားသောသူကိုတကယ်ပင်မသိချေ။ သူ့ပြောချက်အရဆိုလျှင် သူ ညသန်းခေါင်းမှာ တိတ်တဆိတ်ခိုးယူရန်သာဖြစ်ပြီး သတ်ဖြတ်ရန်အစီအစဉ်မရှိချေ။ သူတကယ် ကြားလူဖြတ်ယူသွားမည်ဆိုး၍ အားသုံးခဲ့ခြင်းဖြစ်သော်လည်း တစ်ဖက်လူက အတော်လျှင်မြန်အားကောင်းလိမ့်မည်ဟု မမျှော်လင့်ထားရိုးအမှန်ပင်။ ထို့ပြင် ဤသတင်း၏ နောက်ကွယ်က ကြိုးကိုင်သူကိုလည်း သူမသိရိုးအမှန်။

လီစူး ထိုရှောင်းလျို့အား ဟိုတယ်တွင်သာ ချည်နှောင်ခဲ့ပြီး သုံးသောက်သား တစ်ညလုံးကောင်းမောင်းထွက်ခဲ့ကြရလေသည်။ သူတို့ဘာ်မှာရှိနေသည်ကပေါ်သွားပြီဖြစ်သဖြင့် ထိုဟိုတယ်..ထိုဒေသက သူတို့အတွက် ဘယ်လိုနည်းနှင့်မျှမလုံခြုံနိုင်တော့ပေ။

"သတင်းနောက်ကွယ်ကလူက တကယ်မုန်းစရာကြီး..ကိုယ်တိုင်မထွက်ယူရဲပဲ တစ်ခြားသူကိုကြားခံသုံး ယူခိုင်းရတယ်လို့"

ကျန်းချိုး ထေ့ငေါ့ရင်း ကျင်းလောင်ဒါး၏ နောက်ကွယ်က. ထိုသူတို့ သူတို့သတင်းကိုရသွားလေပြီလားကိုလည်း တွေးပူလိုက်မိ၏။ အခုအရာအားလုံးက ကမောက်ကမဖြစ်လျက် ရှန်တုန်းခရီးစဉ်ကလည်း ချောမွေ့နေမည်မဟုတ်တော့။

လီစူး highwayလမ်းပေါ် မောင်းနေရင်းမှ ဖြတ်လမ်းရှာလျက် လမ်းလွှဲမောင်းလာခဲ့လေသည်။ ဤနေရာက မြို့ငယ်လေးတစ်မြို့ပင်။  ကျန်းချိုးနာရီကြည့်လိုက်တော့ ဆယ့်နှစ်နာရီပင်ထိုးနေပေပြီ။ လီစူး သစ်တောအုပ်တစ်ခုထဲမောင်းဝင်လိုက်ရင်း ဤတစ်ညတာအတွက် ခိုနားရန်ကြံရွယ်လိုက်ကြလေသည်။ မနက် ခြောက်နာရီထိုးချိန်တွင် မြို့ထဲဝင်ရင်း ဖြစ်သလိုမနက်စာလေးကို စားသောက်လိုက်ကြလေသည်။ ကျန်းချိုး ရေနှင့်စားစရာတစ်ချို့ဝယ်ရင်း ခရီးဆက်ထွက်ခဲ့ကြ၏။

"အနောက်မှာ ကားတစ်စီးလိုက်နေတယ်"

လီစူး ဘယ်ဖက်ကွေ့ချလိုက်ကာ လမ်းကျဉ်းလေးထဲ မောင်းဝင်လိုက်၏။ ကျန်းချိုး နောက်လှည့်ကြည့်လိုက်သောအခါ အနောက်က ကားကဆက်လိုက်နေတုန်းပင်။ ကားထဲ ခန့်မှန်းခြေအရ လေးယောက်လောက်ရှိပေမည်။ သူတို့ သတိထားမိနေမှန်းတော့ ထိုကားပေါ်က လူတို့သိဟန်မတူပေ။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now