Chapter 32.2

10.1K 1.5K 50
                                    

ဟွားတင် ခေါင်းတလားပေါ်က ကျောက်စာကို ဓာတ်ပုံရိုက်လိုက်ပြီး စာရွက်ပေါ်ထင်စေရန်လည်း ကျောက်တုံးပေါ် ထပ်ပြီး ကူးလိုက်၏။  ခေါင်းတလားအဖုံးက အထပ်ထပ်ဖုံးထားသည်ဖြစ်ပြီးထို ငြိမ်သက်နေသည့် အခေါင်းမှ ဒုန်းခနဲမြည်လာလေသည်။

ဂူအခန်းမှာ အစကတည်းက မကောင်းသည့်အငွေ့အသက်တို့လွှမ်းခြုံနေသည်ဟုခံစားခဲ့ရသည့် ကျန်းချိုးမှာတော့ ဆံပင်တို့ ထောင်ကုန်၏။ ဒီဂူကလည်း ထူးဆန်းပါပေသည်။ ကျင်းလောင်ဒါးက မေ့မျောနေသူပင် သူနိုးနေလျှင်တောင် အသံကျယ်ကြီးအော်နိုင်မှာတော့မဟုတ် အခုအသံက ပစ္စည်းပြုတ်ကျသံတွေလိုမဟုတ်ပဲ နှလုံးခုန်နေသည့်အသံလိုမျိုး တဒုန်းဒုန်းအသံ။ ထွက်လာသည့်နေရာက ....

ကျန်းချိုး ဖီးရှန်ရှိရာသို့ အမြန်ပြေးကပ်လိုက်၏။ သူ လီစူးဖက်ကနေဖြတ်စဥ် ဘေးကို တစ်ချက်လေးမှ မငဲ့ကြည့်မစောင်းကြည့်။ လီစူးလက်မောင်းပေါ်ကကလေးလေးမှာတော့ ကျန်းချိုးကိုမြင်လျှင် ဝမ်းသာအားရ ပါးပါး ပါးပါးနှင့်အော်ခေါ်နေလေတော့သည်။ ကျန်းချိုးကတော့ နားပင်းတစ်ယောက်လို ကျင့်ကြံလျက် ဖီးရှန်နောက်ကိုသာ အသည်းအသန်ပြေးကပ်လိုက်၏။

"ပါးပါးရေ ဗိုက်ဗိုက်ဆာတယ်"

ကလေးလေးကတော့ တတွတ်တွတ်ရွတ်နေရှာသည်မှာ ပကတိအဖြူထည်လေးမျှသာ။

:ဗိုက်ဆာရင် နင့်အဖေဆိုးကြီး လီစူးဆီတောင်းပါ့လား:

"ချိုချိူသောက်ချင်တယ်"

အသံသာသာလေးကတော့ ပကတိနူးညံ့ပြီး တီတီတာတာလေး။

ကျန်းချိုး သူ့ခြေထောက်သူခလုတ်တွေတိုက်မိကုန်လေပြီး မျက်နှာကြီးကလည်း အောက်က အပြားကြီးနှင့် မိတ်ဆက်တော့မတတ်ပင်။ သို့သော် လီစူးသူ့နောက်ရောက်လာပြီး  အလျင်အမြန်ပင် ဆွဲထိန်းထားလေသည်။ လီစူးလက်မောင်းပေါ်က ကျန်းရှီသေးသေးလေးကတော့ ကျန်းချိုးကို အားတက်တရောကြည့်ရင်း တခစ်ခစ်ရယ်ပြနေလေ၏။ သူ့နှုတ်ခမ်းသေးသေးလေးကတော့ နို့နို့သောက်ချင်တယ်ဆိုတာကို အခုထိအော်နေဆဲ ။

သူ့ကိုဆုပ်ကိုင်ပေးထားသည့်နေရာကတော့အရင်လိုအေးစက်နေတုန်းပင်။ အချိန်ခနလေးအတွင်းတွင် ကျန်းချိုး အအေးဓာတ်ကိုခံစားလိုက်ရသဖြင့် တုတ်လှုပ်စွာပင် လီစူးကို ကြောက်ကြောက်လန့်လန့်တွန်းထုတ်လိုက်လေပြီး အနောက်ကိုတစ်စက်ကလေးမှ မလှည့်ကြည့်ရဲ ဖီးရှန်ကပဲ သူ့ကိုလှမ်းထိန်းလိုက်ရ၏။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Nơi câu chuyện tồn tại. Hãy khám phá bây giờ