Chapter 47(full chapter)

7.4K 1.1K 27
                                    

Long time no see guys..
Waiting impatiently right? Sorry Sorry!
ရှဲကျီ(3)

.......ရွှေဂျို...

"Uncleချီ ဒါကျတော့်မိတ်ဆွေတွေ ကျန်းချိုးနဲ့ လီစူးတဲ့"

လုဖန်မိတ်ဆက်ပေးသည်ကို ထိုလူကတော့ အကြည့်ချွေတာလျက် လီစူးကိုသာတစ်ချက်ကြည့်ပြီး အကြည့်ပြန်လွဲသွား၏။ သူ့စကားတို့က ဧည့်သည်ကိုဧည့်ခံရသည်ကိုမနည်းသည်းခံမြိုသိပ်နေရပုံပင်။

"အော် ပျော်ပျော်နေကြ တစ်ခုခုလိုရင် အားရှို့ကိုခေါ်လိုက်"

ထို့နောက် သူတို့ဒုတိယထပ်ကဧည့်ခန်းကိုသာတန်းသွားလိုက်ချိန် အားရှို့ဆိုသူက လုဖန်ကိုလခြမ်းကွေးအပြုံးတို့ဖြင့်နှုတ်ဆက်၏။ သူတို့နှစ်ယောက် ဆက်ဆံရေးကောင်းမှန်းသိသာလှသည်။ ထို့နောက် ဧည့်သည်ပိုများလာ၍ သူတို့ကိုဆက်ဧည့်မခံအားတော့။

"အားရှို့က ဦးလေးချီရဲ့မွေးစားသား ဆွေးမျိုးဝေးတဲ့သူ့ကိုကလေးတည်းကမွေးစားလာတာ"

ကျန်းချိုး လုဖန်ဆီက ဦးလေးချီအကြောင်းကြားစဥ်က ထိုသူမှာခန့်ခန့်ထည်ထည်ဦးလေးကြီးဟုထင်မိခဲ့သော်လည်း အခုက အသက်၃၀စွန်းစွန်းသာရှိသေးပြီး လုဖန်ထက်အလွန်ဆုံးကြီးလှ သုံးလေးနှစ်မျှသာ။ ဦးလေးချီကိုကြည့်ရသည်မှာ လူများသည်ကိုသဘောမကြသလို ဧည့်ခံရသည်ကိုလည်းသဘောမကျလှ။ သို့ဆိုလျှင် ဘာလို့ပါတီကျင်းပနေသေးသည်လဲက စဥ်းစားစရာ။

ဟွားတင် ဟွားဟွားကိုပုတ်လိုက်ရင်း

"ညီလေးကိုခေါ်သွားပြီး ကစားနေ"

ထို့နောက်သူကပင်စကားဆက်လျက်

"ဦးလေးချီနာမည်က ချီကျိရုန် သူက အကိုတို့ထက်စီနီယာပိုကျတယ် သူ့ကို သူ့အိမ်မှာအတွေ့များတယ် သူကအမြဲအေးစက်စက်နဲ့ဆိုပေမယ့် အလုပ်လုပ်ရင်အရ မ်းတိကျတာ  သူကပေါင်းရသင်းရခက်တဲ့သူမျိုး သူ့လက်အောက်ကလူတွေအားလုံးကအမိန့်ကိုအရမ်းနာခံတတ်ရတယ်"

ကျန်းချိုး ချီကျိရုန်ဆိုသည့်နာမည်ကိုတစ်နေရာရာမှာကြားဖူးသော်လည်း ဘယ်မှာမှန်းမမှတ်မိ။ သူတို့အချိန်အတော်ကြားစကားပြောပြီးချိန်တွင် တစ်ယောက်ယောက်က လုဖန်ကို၀ိုင်ခွက်ကိုင်လျက် လာနှုတ်ဆက်၏။ လုဖန် ဟွားတင်ကထိုကဲ့သို့လူမှုပြုသည်ကိုသိပ်မကြိုက်မှန်းသိနေသဖြင့် ဖန်ခွက်သာမြှောက်ရင်းနှုတ်ဆက်လိုက်သည်။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now