Chapter 6.2

14.2K 1.9K 61
                                    

Zawgyi

ရေခါတာကိုရပ်​လိုက်​ရင်း  ​ရောက်​တက်​ရာရာကြည့်​​နေ​သော ကျန်းချိုးမှ  ​ရောက်​တက်​ရာရာ​သော စကားတို့ ထွက်​ကျလာ​လေသည်​။

"သူတို့ ​မြေ​အောက်​​ဖောက်​တဲ့ ဗုံးနဲ့ ​ဖောက်​​နေတာ..အဲ့လိုဗုံးမျိုးကို ဂူ​ဖောက်​သမား​တွေပဲသုံး​လေ့ရှိတာ..အဲ့တာသုံးရင်​ ​မြေ​အောက်​ထဲမှာပဲ ​ပေါက်​ကွဲပီး အသံ​တွေအပြင်​ဘက်​သိပ်​မ​ရောက်​​တော့ဘူး​လေ"

ကနဦး၌ ကျန်းချိုးတစ်​​ယောက်​ လီစူး သူ့စကားတို့အား ဂူအ​ ကြောင်းနားမလည်​​သောပုံစံဖြင့်​အဖက်​လုပ်​၍ နား​ထောင်​​နေမည်​ဟုမ​မျော်​လင့်​ခဲ့​ပေ။

ကျန်းချိုးမှာ ​ရှေး​ဟောင်းသု​တေသီ​ကျောင်းသားတစ်​ဦးဖြစ်​သည်​နှင့်​အညီ ဂူ​ဖောက်​ခြင်းနှင့်​ ​ရှေး​ဟောင်းသု​တေသီလုပ်​ရန်​ ဂူတူး​ဖော်​ခြင်းတို့ လုံးဝမတူမှန်း သိ​လေသည်​။ ဤကဲ့သို့ ​ ဂူအသွင်​ပျက်​မှာ မစိုးရိမ်​​သော​..အရှိန်​ပြင်း​သောနည်းအား သုံး​လေ့ရှိသူမှာ ဂူ​ဖောက်​ ပစ္စည်းယူသည့်​သူများပင်​ဖြစ်​​လေသည်​။

လီစူး သူ့စကားများအား ​သေ​သေချာချာအာရုံစိုက်​နား​ထောင်​​နေမှန်းသိသဖြင့်​ ​နောက်​ထပ်​သိသ​လောက်​​လေး ထပ်​​ပြောလိုက်​​လေသည်​။

"ခဗျား​တွေ့တယ်​မလား..သူတို့​ဖောက်​တာ ​မြေကြီး​တွေအ​ပေါ်မစင်​တက်​လာဘူးဆိုတာ..အဲ့ဒီ ဂူ​ဖောက်​သမား​တွေက ဒီလိုဒုစရိုက်​မျိုးလုပ်​ပီဆို ​​အောက်​က​မြေ​တွေကို အ​ပေါ်​ကော်​ထုတ်​​လေ့မရှိဘူး"

မိနစ်​အနည်းငယ်​ကြာပြီးချိန်​တွင်​ ကျန်းချိုး​အောက်​မှ ​မြေတို့ထပ်​တုန်​သွား​သော်​လည်း အရင်​​လောက်​မပြင်းထန်​​တော့သဖြင့်​ ​တော်​​တော်​နက်​နက်​​ရောက်​​နေပြီမှန်း သိသာလှ​ပေသည်​။
မည်​မျှနက်​သည်​မသိ.. ညကိုးနာရီ​လောက်​မှသာအ​ပေါက်​ပွင့်​လာ​လေသည်​။ ထို့​နောက်​ ဂူ​ဖောက်​သူတစ်​သိုက်​မှာ ​ဖောက်​ခွဲ​ရေးဗုံးမသုံးရဲ​တော့ပဲ လှိုဏ်​​ခေါင်းသာတူးကြ​လေသည်​။ သုံးနာရီမျှထပ်​တူးပြီးမှသာ ဂူအစစ်​အမှန်​​နေရာသို့​ရောက်​သွား​လေသည်​။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now