Chapter 12(full chapter)

13.8K 1.9K 126
                                    

ဖီးနစ်​​သွေး

"​​သေတ္တာလာပို့တဲ့ လူက​ကော?"

"အဲ့တာက လူကြုံပို့လာတာပါ..ဘယ်​သူဆိုတာ​တော့ မ​ရေးထားဘူး"

ကျန်းစန်းလျန်​ ဘားမှမ​ပြော​တော့ပဲ ​​သေတ္တာအားယူ၍ ထိုအရာအားကြည့်​လိုက်​၏။

"ဒါ ၀ိညာဉ်​ပုတီး​စေ့ဖြစ်​နိုင်​တယ်​..ဒါက ၀ူရှန်း နတ်​ဘုရားမျိုးနွယ်​စုရဲ့ ရတနာပဲ..ဘာလို့လဲဆို​တော့ တစ်​မျိုးလုံးက မိန်းမ​တွေချည်းပဲမို့.. ဒီပုတီး​စေ့က ​မှော်​အတတ်​ကို ကျွမ်းကျင်​ဖို့အ​ကောင်းဆုံး ​၀ိညာဉ်​ဓာတ်​လုံးပဲ..ဒီလို ၀ိညာဉ်​ ကို ထိန်းချုပ်​နိုင်​ပြီး အ​လောင်း​ကောင်​ကို ပြန်​ထ​စေနိုင်​တာကြီး လူဆိုးလက်​ထဲ​ရောက်​သွားရင်​​တော့ ​လောကကြီး​တော့မ​တွေးရဲစရာ​တွေဖြစ်​​တော့မယ်​"

ထို့​နောက်​ စန်းလျို့ ကျန်းချိုးအား ကြည့်​​ပြောလိုက်​​လေသည်​။

"ပုတီး​စေ့က သူ့ဘာသာသူကို ၀ိညာဉ်​​တွေချုပ်​နိုင်​ပြီးသား..အခု သားဗိုက်​ထဲ ယင်​ဓာတ်​​တွေပိုများများလာပြီ..​နောက်​ဆို ရှင်းထုတ်​ဖို့ခက်​လိမ့်​မယ်​."

ကျန်းချိုး ဒွိဟဖြစ်​သွားရသည်​။ ဒါအသုံးမ၀င်​ဘူး။ သူဆိုသည်​က က​လေး​လေး ဗိုက်​ထဲမှာ တ​ဖြေး​ဖြေးကြီးထွားလာဖို့ ​မျှော်​လင့်​​နေခဲ့သူ။ ထို့​ကြောင့်​ ယင်​ဓာတ်​လိုအပ်​​ပေသည်​။ က​လေး​လေးက​ကော ကျန်းချိုး၏ ယန်​ ကို ယင်​ သူ့ဘာသူ​ပြန် ပြောင်း​နေတာလည်း ဖြစ်​လိမ့်​​ပေမည်​။ ကျန်းချိုးအချိန်​မ​ရွေး ပြန်​မနိုးနိုင်​​လောက်​​အောင်​ အိပ်​စက်​​နေခြင်းက က​လေး​လေးအားပြည့်​ဖို့ အာဟာရဖြစ်​​လောက်​​ပေသည်​။

"အ​ဖေ..အခုက ပိုအ​ရေးကြီးတာပါ..​နောက်​ကိစ္စ ​နောက်​မှ​ပြောကြတာ​ပေါ့"

ကျန်း​ကျောင်းကျုံး ၀င်​​ပြော​သော​ကြောင့်​ စန်းလျန်​ သက်​မကြီးချလိုက်​ရ​လေသည်​။

"ဘာပဲဖစ်​ဖစ်​..ဒီပုတီး​စေ့က မ​ကောင်းတဲ့ချီအစွမ်း​တွေလွှမ်း​နေ​သေးလို့ ငါအရင်​ဖယ်​ပြီးမှ ​ရှောင်းချိုးကို​ပေးမယ်​"

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Wo Geschichten leben. Entdecke jetzt