Chapter 4.2

15.1K 2K 39
                                    

ကျန်းချိုးနိုးလာသည်​ကိုမြင်​​သော ​လောင်​၀ူ ​အော်​ကြီးဟစ်​ကျယ်​နုတ်​ဆက်​လိုက်​​လေသည်​။

"အရှင်​မင်းကြီး နိုး​တော်​မူ​ပြီလား ဘုရား"

ထိုရွဲ့တဲ့တဲ့စကား​နောက်​တွင်​​တော့ ခြိမ်း​ခြောက်​မှုကြီးက အလုံးလိုက်​အရင်းလိုက်​။

"ထွက်​​ပြေးမယ်​​တော့မကြံလိုက်​နဲ့​နော်​...အကျိုးယုတ်​ အချိန်​ပုတ်​တာပဲ အဖတ်​တင်​လိမ့်​မယ်​.."

လောင်​ဒါးမှာမူ ထိုဝက်​ကြီးနိုးလာသည်​ကိုအဖက်​မလုပ်​ပဲ ​ပေါ့​ပေါ့ပါးပါး စကားသာဆိုလိုက်​သည်​။

"ဟားဟား မင်းတို့​တွေ အရမ်း​တွေ ယုံကြည်​မှုရှိ​နေကြပါလား"

ကားဆိုသည်​မှာ အမှန်​​တော့ ဗန်​ကားတစ်​စီးသာဖြစ်​​လေသည်​။ ဇိမ်​ခံချင်​စရာ တစ်​စက်​က​လေးမှာ မပါဝင်​ပါ​သော ကား။ ​မောင်းသူ​နေရာတွင်​ ​လောင်​စီ ၊ ခရီးသည်​ခုံတွင်​ ​လောင်​ဒါး၊ အလယ်​တန်းတွင်​​တော့ ​လောင်​စန်း ​လောင်​နီ နှင့်​ ​လောင်​၀ူ၊ ​နောက်​ဆုံးခုံရှိ ကျန်းချိုး​ထိုင်​ခုံတွင်​ကား အခြံနှင့်​အရံနှင့်​ပင်​၊ တစ်​ဖက်​တွင်​ အ​မော​ပြေ ဆံရှည်​ လီစူးနှင့်​ တစ်​ဖက်​တွင်​ အိတ်​ထုတ်​​ပေါင်းများစွာနှင့်​ သာသာယာယာပင်​။

ကျန်းချိုးစိတ်​ထဲ ဤလူမှာ ကျန်​ငါး​ယောက်​နှင့်​ လားလားမျှမဆိုင်​ဟု အ​သေအချာကြီး ခံစား​နေရ​လေသည်​။ သို့​သော်​ ခရီးသွားတစ်​ဦးနှင့်​လည်း မတူပြန်​​ချေ။ မည်​သို့ပင်​ဆို​စေကာမူ စစ​တွေ့ချိန်​က ဖြစ်​​ပေါ်ခဲ့​သော ​ကြောက်​လန့်​စိတ်​တို့သည်​ ယခုအခါ လူဆိုးတစ်​ဦးနှင့်​မတူ​သော ထိုသူ့အသွင်​အပြင်​​အောက်​ ​ကြေမွသွားရ​လေပြီးဖြစ်​​လေသည်​။

ထိုကားစုတ်​ကားပြတ်​ကြီးမှာ ​တောင်​တက်​လမ်း​ပေါ်​ရောက်​လာသည်​နှင့်​တူသည်​။ ​ဆောင့်​လိုက်​သည့်​ဖြစ်​ချက်​။

"ကျ​တော်​ဘယ်​​လောက်​​တောင်​အိပ်​​ပျော်​သွားတာလဲဟင်​"

ကျန်းချိုး အသံ​သေးအသံနာဖြင့်​ပင်​ ​မေးရဲ​လေသည်​။ အ​ရှေ့ဆုံးမှ ​လောင်​၀ူ၏ ​လန့်​စရာ ​ချောင်းဟန့်​သံကြီးသာ​ပေါ်ထွက်​လာလျက်​ မည်​သူမှ မကြားသည်​ထင့်​...ထို့​နောက်​တွင်​​တော့ ကားတစ်​စီးလုံး စကားသံများရပ်​စဲသွားလျက်​ တိတ်​ဆိတ်​သွား​လေသည်​။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now