Chapter 19.2

10.5K 1.6K 63
                                    

ကျန်းချိုး သူနှင့်အနီးဆုံးနေရာက အခေါင်းထဲက တွန်းဖွင့်သံကိုအတိုင်းသားကြားနေရပြီး အခေါင်းပေါ်က အနီရောင်တို့ကလည်း တဖြေးဖြေးထင်းလာ၏။  အသံတို့ကတော့ တဖြေးဖြေးပို၍ ပို၍ကျယ်လာပြီးမြေပြင်ကပါ တသိမ့်သိမ့်တုန်လာသည်။ ထိုအချိန်တွင် လောင်ဒါးနှင့် လူနှစ်ဦးတို့ ထွက်ပြေးပြီးဖြစ်နေလေ၏။

"အလောင်းကောင်တွေ...ကိုယ်နဲ့ ထပ်ချပ်မကွာလိုက်ခဲ့"

လီစူးပြောလည်းပြော ကျန်းချိုးလက်ကိုဆွဲ၍ ပြေးချိန်တွင် ကျန်းချိုး ချက်ချင်းစိုးရိမ်သွားသည်က သူ့အကို၂..

"အကိုနှစ် အထဲမှာ ကျန်ခဲ့တယ်"

"သူ့ကို တစ်ယောက်ယောက်ကယ်လိမ့်မယ်"

ဖီးရှန်ဟွေ့၀မ်မှာ သူရပ်နေရာမှ တစ်ထက်တစ်စကျယ်လာသောအသံတို့ကို နားစွင့်ရင်း မျော့မျော့သာ ကျန်တော့သောယုရွှေ ကိုစိုက်ကြည့်နေမိ၏။ သူ့မျက်လုံးများ သူတို့နှစ်ဦးဆုပ်ကိုင်ထားသော လက်တို့တွင်သာမြဲသွားသော်လည်း သူ့လက်မောင်းတို့ကိုရှေ့ထုတ်လျက် ယုရွှေကိုသယ်လိုက်ပြီး ထိုနေရာမှ ထွက်ခဲ့လေသည်။

ကျောက်တံခါးကိုလည်း ပျက်စီးခဲ့ပြီးဖြစ်သဖြင့် ကျုံးကျီးတို့ကိုအထဲတွင်ပိတ်ထားဖို့က မဖြစ်နိုင်တော့ ။ ဂူလမ်းတစ်လျှောက်တွင် လောင်ဒါးနှင့်လူနှစ်ဦးတို့၏ အရိပ်အရောင်ပင်မမြင်ရတော့။ သူတို့နှစ်တွဲမှာလည်း ရှေ့သွားရမည်လား ဘေးပြေးရမည်လားမသိ..သူတို့အနောက်က အသံတို့သည်ကတော့ ကျယ်သထက်ကျယ်လာပြီး တရှူးရှူးနှင့် အနံ့ခံနေသံတို့ပါ ကျယ်လောင်စွာကြားနေရပေပြီ။

လီစူး ကျန်းချိုးအား အရှေ့က ပြေးလမ်းပေါ်ကနေ ဆွဲခေါ်ထုတ်လိုက်သလို ယုရွှေကိုသယ်ထားသော ဖီးရှန်ဟွေ့၀မ်ကလည်း.အနောက်ကနေ တစ်ချက်မနှေးပဲလိုက်လာ၏။

သူတို့တခနမပြေးပဲနေချိန်တွင် ကျန်းချိုး သူတို့အနောက်က တရှူးရှူးနှင့် တအူအူအသံတို့ နီးတထက်နီးလာပြီး ဗြောင်းစတောင်းခြေလမ်းအသံစုံတို့ပါ ကပ်ပါလာ၏။ ကျန်းမျက်နှာ ဖြူဖျော့သွားလျက် ဒီအချိန်တွင် သူ့ဗိုက်ကလည်း ဘာခွန်အားမှ မပေးပါတော့ချေ။ သူ့ဓာတ်မီးအလင်းရောင်နှင့်လအနောက်ထိုးကြည့်လိုက်တော့ သူ့အနောက် ဆယ့်နှစ်မီတာအကွာတွင် တစ်ဒါဇင်ထက်မနည်းပါသော ကျုံးကျီးတို့က ဟိုဟိုဒီဒီနေရာအနှံ့..ထိုအကောင်တို့၏ အဝတ်တို့ကစုတ်ပျက်သတ်နေပြီး ဘယ်ပုံစံရှိခဲ့ကြသည်ကိုတော့ ထိုအနုတ်စုတ်ဂုတ်စုတ်က ပုံမဖော်ပေးနိုင်ပါချေ။ သူတို့ပုံက အသားအရေမရှိ..မံမီတွေလိုပင်..မျက်တွင်းက အချိုင့်လိုက်ကြီးဖြင့် မျက်လုံးနှစ်လုံးနေရာကိုတော့ အနီရောင်အမှုန်တို့က လွှမ်းလျက်..

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now