Chapter 53(full chapter)

4.4K 835 10
                                    


Volume 1 ဤတွင်ပြီး၏။

ရှဲကျီ(9)

....ထပ်တွေ့ကြပြန်ပြီ......

လီစူးအပေါက်ကိုမီးထိုးကြည့်လိုက်သော်လည်း နက်လွန်းပြီးသေသေချာချာမမြင်ရသည့်အပြင် အထဲကအအေးဓာတ်တို့ကပါအပြင်ထိစိမ့်ထွက်နေ၏။

ကျန်းချိုး ချီရှီနှင့်အကို၂ဇနီးတို့ဒီအပေါက်ထဲမှာရှိနေသလားမသိသော်လည်း ဒီအပေါ်ပိုင်းအပျက်အစီးကြားကဘုရားကျောင်းကတော့လူတွေကိုမဝှက်ပေးထားနိုင်သည်ကတော့သေချာ၏။ ဒါအပြင့် ဒါရိုက်တာကလည်း သူတို့ဒီဖက်ပြေးသွားသည်ဟုညွှန်ခဲ့သေးသည်မဟုတ်လား။

"မဟုတ်ရင်တောင် အရင်ဆင်းကြည့်ကြမလား?"

လီစူးအနောက်ကလူတွေကိုလှည့်မေးလိုက်၏။

"လိုက်မှာလား နေခဲ့မှာလား?"

ဒါရိုက်တာ သူ့လည်ပင်းသူပွတ်ရင်း အပေါက်ကိုစိုက်ကြည့်လိုက်၏။ ထိုထဲကလာတဲ့အအေးဓာတ်ကပင်ကျောချမ်းစေတာ အခုလေးတင်သေဘေးကလွတ်လာတာကိုကိုယ့်သေတွင်းကိုယ်တူးပြီးတော့ ထပ်မဆင်းချင်တာအမှန်။ သို့သော်ဒီမှာဆက်နေလဲ ဟိုလူသေကောင်အန္တရာယ်က လက်တစ်ကမ်းအကွာလေးတင်။

"မင်းတို့ရှာနေတဲ့လူတွေ ဒီထဲ ရှိချင်မှရှိမှာပါကွာ  ဘေးမှာထပ်ရှာကြည့်ကြမလား?"

ဒါရိုက်တာတိုးတိုးနှင့်အကြံပေးလိုက်၏။ သူကား နေလည်းမနေခဲ့လို လိုက်လည်းမဆင်းလိုသောသူ။ ပြီးတော့ ဒီအဖွဲ့ထဲအသန်မာဆုံးသော လီစူးကိုလည်းမဆင်းစေချင်။

"ငါလိုက်မဆင်းဘူး ငါ့အကိုကိုဒီမှာပဲစောင့်မယ်"

အိုက်ရှန်ပြောလိုက်သလို ကောင်မလေးကလည်း ထိုစကားကိုထောက်ခံလိုက်၏။ သူဆက်မပြေးချင်တော့။ အိမ်သာအမြန်ဆုံးပြန်ရောက်လိုသည်။ ဒါရိုက်တာမှာလဲ ဆံရှည်လောက်အားသိပ်မသန်သော်လည်း ဗလံမဟုတ်သည့်အိုက်ရှန်ကိုကြည့်ရင်း မကောင်းစိုးဝါးလောက်တော့တိုက်နိုင်မည်ဟုကောက်ချက်ချလျက်

"ဒါဆို ငါလည်း လိုက်မဆင်းတော့ဘူး မင်းတို့ခရီးမဖင့်တော့ဘူးပေါ့ကွာ"

လုဖန်နှင့်ဟွားတင်တို့ကတော့ လိုက်ဆင်းမည်မှာမလွဲ။ ကျန်းချိုး စားစရာများနှင့်ပစ္စည်းတို့ကိုခွဲထည့်ပေးရင်း အောက်ဆင်းလိုက်ကြ၏။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Dove le storie prendono vita. Scoprilo ora