Chapter 10(full chapter)

14.4K 1.9K 153
                                    

ဖီးရှန်ဟွေးဝမ်ဂူ(8)

ကျန်းချိုး တကယ်​ကြီး shockရသွားသဖြင့်​ ​တောင့်​​တောင့်​ကြီး ။ ​ကျောင်းကျုံးကပင်​လှုပ်​နိုး ​မေးယူရသည်​အထိ။

"​ရှောင်းကျိုး ဘာဖြစ်​လို့လဲ "

"ဟို..ဘာ..ဘာမှမဖြစ်​ပါဘူး "

သူ့အ​တွေးတို့အား ကမန်းကတန်း မြိုသိပ်​လိုက်​ရ​သော်​လည်း သူ့စိတ်​ထဲအမှန်​တကယ်​ပြည့်​​နေသည်​က ခုနက မျက်​၀န်းနီကြီးနှင့်​ ဂူမူးက မျက်​၀န်းနီတို့ တစ်​ထပ်​တည်းကျ​နေသည့်​ ပုံရိပ်​ကြီး။ အဲ့အ​ကြောင်း​ပြောရလျှင်​ ဒါ သူ့အတွက်​ အိမ်​မက်​တစ်​ခုလိုပင်​။ အစပိုင်း အရမ်းနာကျင်​ရသလိုဖြစ်​​ပေမယ့်​ တကယ့်​အိမ်​မက်​​ကောင်း​လေးတစ်​ခု။ ဒါ​ပေမယ့်​ ဒါကြီးကတကယ့်​ကိုအိမ်​မက်​ကြီးဖြစ်​ပြီး ထိုထဲ ​ယောက်​ကျားတစ်​ဦးနှင့်​ အတွင်းကျကျ ရင်းနှီး​သော ဆက်​ဆံ​ရေးကြီးနှင့်​။ အစပိုင်းအ​ကြောက်​လွန်​ခဲ့​သော်​လည်း ​နောက်​ပိုင်း သာယာစိတ်​၀န်​ခဲ့မိသည်​ကို ခံစားလာရပြီးချိန်​တွင်​ ကိုယ်​ကိုတိုင်​ရဲ့ sexual ကြီးကိုလည်း ပြန်​သုံးသပ်​ရသည်​အထိ။ အ​ဖြေက အိမ်​မက်​ထဲတွင်​မဟုတ်​ပဲ အပြင်​တွင်​ပါ boyfriendထားရန်​ပင်​။ သို့​ပေမယ့်​ ဤကဲ့သို့ ​ယောင်္ကျားအရင့်​မာကြီးကို ကိုယ်​၀န်​ရ​အောင်​လုပ်​နိုင်​​သော ဖုတ်​တ​ကောင်​​တော့မဟုတ်​။

ကျန်းချိုး နာ​ခေါင်းအားပွတ်​ရင်​ ​ခေါင်းအား ဒုတိယန်​ဘိထပ်​ခါရင်​ စကားလမ်းလွဲလိုက်​ပါ၏။

"ဘာမှမဟုတ်​ပါဘူး..ဒါနဲ့ ​အောက်​မှာ တစ်​ခုခုရှိ​နေ​သေးလား"

လီစူး ဘားမပြန်​မ​ဖြေပဲ ကျန်းချိုးမျက်​လုံးများကိုသာစိုက်​ကြည့်​​နေ​သော​ကြောင့်​ ကျန်းချိုး မိမိတစ်​​ယောက်​အမှားလုပ်​ထား၍ အစစ်​ခံ​နေရသလိုခံစားလိုက်​ရသည်​တွင်​ ​ဒေါသတို့ ငယ်​ထိပ်​​ဆောင့်​တက်​သွား​လေသည်​။

ကျန်းယု​ရွှေတစ်​​ယောက်​ ထိုအကြည့်​ချင်းစစ်​ထိုးသလိုဖြစ်​​နေ​သော နှစ်​​ယောက်​အား စိတ်​၀င်​တစား ကြည့်​​နေရင်း စကားဆိုလိုက်​၏။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now