Chapter 14.1

12.6K 1.9K 65
                                    

ဖီးနစ်​​သွေး (3)

လီစူး ရုတ်​တရက်​ ​လှည့်​လာသဖြင့်​ အ​တွေး​ပေါင်း ​သောင်း​ခြောက်​​ထောင်​နှင့်​ အိတ်​ရန်​ပွဲသတ်​​နေ​သော ကျန်းချိုးမှာလည်း ရုတ်​တရက်​ဆန်​စွာဖြင့်​ လီစူးရင်​ဘတ်​ကြီးအား ဘုန်းခနဲမြည်​​အောင်​ပင်​ တိုက်​လိုက်​မိ၏။ ကျန်းချိုး မျက်​ရည်​တစမ်းစမ်းနှင့်​ လီစူးအား​မော့ကြည့်​ရင်း ​မေးလိုက်​မိ၏။

"ဘာဖြစ်​လို့လဲ "

လီစူးမှာ အ​နောက်​ကို ကြည့်​​နေသဖြင့်​ သူလည်း ​ယောင်​​တောင်​​ပေါင်​​တောင်​လှည့်​ကြည့်​​သော်​လည်း ဘာထူးခြားခြင်းမှ မ​တွေ့မိ။

"ဘာမှမဟုတ်​ဘူး"

လီစူး သူ့အကြည့်​တို့ရုတ်​သိမ်းပြီး ကျန်းချိုး၏ မျက်​ရည်​လည်​ဆွဲအား ကြည့်​လိုက်​ရင်း နှုတ်​ခမ်းတို့မသိမသာ မြင့်​တက်​သွား​လေသည်​။

"လမ်းကိုကြည့်​သွား..မင်းမျက်​လုံး​တွေနဲ့"

***ငါတကယ်​ ဒီလီစူးဆိုတဲ့ ဒင်းကြီးကို သတ်​ချင်​လှပြီ.***

"သြားမယ်"

လီစူး၏ အ​ပြောတို့သာရှိပြီး ကျန်းချိုးမဲ့ရွဲ့ကာသာလိုက်​​လေ​တော့သည်​။ နှစ်​​ယောက်​ ​မောလ်​အပြင်​​ရောက်​သည်​နှင့်​ ​နွေ​ခေါင်​​ခေါင်​၏ အပူလှိုင်းတို့လာဟပ်​သဖြင့်​ ကျန်းချိုး လီစူးအ​နောက်​မသိမသာ​လေး​ရွှေ့လိုက်​၏။ လီစူး၏ အ​အေးဓာတ်​တို့က ကျန်းချိုးဆီကိုပင်​ ဖြန့်​ကျက်​လာသလိုပင်​။ ​အေးမြခြင်း၊ သက်​​တောင့်​သက်​သာဖြစ်​ခြင်းတို့ကို အ​တော်​ကြီးခံစားလိုက်​ပြီး​သော်​ကား ကျန်းချိုး ​ပျော်​​ပျော်​ရွင်​ရွှင်​ပင်​ ​ပြောလိုက်​၏။

"အခု​နေ့လည်​​တောင်​​ရောက်​ပြီဆို​တော့ အပြင်​မှာပဲ စားရ​အောင်​​လေ. အိမ်​ထဲ ထမင်းဟင်းပြန်​ချက်​ရမယ်​ဆိုရင်​ တကယ့်​ ငရဲခန်း​ရောက်​သွားမှာ သိလား"

လီစူး သု့​နောက်​​ဘေးနားက ကျန်းချိုး၏ ​ကောက်​ကျစ်​ကျစ်​အပြုံး​လေးကိုမြင်​လိုက်​ရ​သော်​လည်း ချစ်​စရာအတိလို့သာ မြင်​​မိ​လေသည်​။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now