Chapter 11.1

13K 1.9K 61
                                    

ဖီးရှန်ဟွေးဝမ်ဂူ(9)

ဒီဂူက တကယ်​ကြီးကို နန်း​တော်​သမျှခမ်းနားပြီး ရတနာပစ္စည်းအသုံးတို့မှာလည်း ကြီးကြီးကျယ်​ကျယ်​ တန်​ဖိုးမြင့်​လွန်းကြ၏။

သို့​သော်​ အ​​နေအထားကြီးက တစ်​မူထူးခြား​နေ၏။ ကျန်းချိုး ထို နှစ်​​ထောင်​ချီကြာ အဖိုးအနတ္တတို့အား တစ်​စက်​က​လေးမှ မျက်​လုံးထဲမ​ရောက်​ပဲ သူ့အကိုဝမ်းကွဲ ယု​ရွှေ နံရံ​ဆေးပန်းချီကြည့်​​နေသည်​ကိုသာ တိတ်​တဆိတ်​ အကဲခတ်​​နေမိ၏။ ယု​ရွှေမှာ နံရံ​ဆေးပန်းချီကိုမြင်​ကတည်းကပင်​ အချိန်​အတန်​ကြာ စိုက်​ကြည့်​​နေပြီး ​ဒေါသစိတ်​တို့်အနည်းငယ်​ပါဝင်​​နေပုံပင်​။ ကျန်းချိုး ဘုရင်​ငယ်မျက်​နှာနှင့်​တူလှ​သော အကိုဖြစ်​သူယု​ရွှေနှင့်​ ရင်​သပ်​ရှု​မောဖွယ်​ ဤ ဖီးရှန်​​ဟွေးဝမ်​ဂူ​အ​ကြောင်း အ​တွေးထဲ​ရောက်​လာသည့်​တခန ကံကြမ္မာတစ်​ခုဖြစ်​တည်​လာ​တော့မည်​ဟု အလိုလိုထင်​​နေမိသည်​မှာ ဘာ​ကြောင့်​မှန်းမသိပါ​ချေ။ သိပ္ပံနည်းကျ စဉ်းစားနည်းအား သူဘယ်​နားပစ်​ထုတ်​ခဲ့မိပါလိမ့်​။

"ဒီအခန်းထဲက ဘာကိုမှမထိကြနဲ့"

ကျန်းယု​ရွှေ ရုတ်​တရက်​သတိ​ပေးလိုက်​ခြင်းပင်​။

ကျန်းချိုးနှင့်​ ​ကျောင်းကျုံး တို့မှာ မူလရည်​ရွယ်​ချက်​ တူရိယာပစ္စည်းအားယူရန်​ကလွဲ၍ ဤ အဖိုးတန်​လှစွာ​သော ပစ္စည်း တို့၏ ဖျား​ယောင်းမှု​အောက်​ကြ​ရောက်​မည့်​သူများမဟုတ်​။ ယု​ရွှေ လီစူးအားကြည့်​​ပြောလိုက်​ခြင်းဖြစ်​သဖြင့်​ ကျန်းချိုး ဘားမှ​မ​တွေး​တောနိုင်​ခင်​ပင်​ လီစူးအတွက်​ အကာအကွယ်​စကားတို့က သူ့နှုတ်​မှအလိုအ​လောက်​ပင်​။

"လီစူးက ​လောဘကြီးတဲ့သူစားမျိုးမဟုတ်​ဘူး"

လီစူး ကျန်းချိုးအား ​တွေ​တွေ​လေး ​​ငေးကြည့်​လာ​လေသည်​တွင်​ ကျန်းချိုး ဂူမူးကဂူအ​ကြောင်းသာပြန်​စဉ်းစား​နေမိသဖြင့်​ လီစူးအကြည့်​တို့အား တမင်​ကိုလွှဲဖယ်​လိုက်​မိ၏။

ထိုအကြည့်​လွှဲသွားသည်​ကို ထင်းထင်းကြီးမြင်​လိုက်​​သော လီစူးနှုတ်​ခမ်းထက်​ သ​ရော်​ပြုံးတစ်​ခုဖြစ်​တည်​သွား၏။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now