Chapter 11.2

13.1K 1.9K 36
                                    

***ဒါလီစူးအသံပဲ***

တောင့်​​တောင့်​ကြီးဖြစ်​​နေ​သော ခန္တာကိုယ်​ကို ယခုမှ သာ​ဖြေ​လျော့လိုက်​ပြီး ​နောက်​ဖက်​နံရံကိုမှီလိုက်​မိ၏။ အ​မှောင်​ထဲ ကျန်းချိုးမျက်​လုံးတို့အသားကျလာသလိုဖြစ်​လာ​သော်​လည်း တိုက်​ခိုက်​သံနှင့်​ ​အော်​သံတို့သာကြားရ​လေသည်​။

"​လောင်​စီရဲ့ပစ္စည်း​တွေ ရလိုက်​လား?"

"အကိုကြီး  သွားကြစို့. အား!!!!"

ယခုအသံတို့က​တော့ ​ထွက်​​ပြေးသွား​သော ​​လောင်​ဒါးနှင့်​ ​လောင်​စီအသံပင်​။ အသံ​နောက်​ ရုပ်​တို့သဲကွဲ​အောင်​ ပြူးပြဲလိုက်​ကြည့်​​နေတုန်းတွင်​ပင်​ စိုစိုစွတ်​စွတ်​လက်​တစ်​ဖက်​က သူ့အားဖက်​ဆွဲလိုက်​​လေရာ ကျန်းချိုးနှာဖျားတွင်​ ​သွေးညီနံ့တို့မွန်​ထူသွား​လေသည်​။ ကျန်းချိုး မီးကုန်​ယမ်းကုန်​ ကန်​ထုတ်​လိုက်​​လေသည်​။ ဘာကြီးဖြစ်​​နေ​နေ ​ကြောက်​စရာပင်​မဟုတ်​ပါလား။ ထို့​နောက်​တွင်​ ​အေးစက်​စက်​လက်​တစ်​စုံက သူ့ခါးထက်​ပြန်​​ရောက်​လာ​လေသည်​။ လီစူးပါပင်​။ သူ့အားဆွဲထား​သော ​​သွေးလက်​ကြီးက​နေ​တော့ ကွင်းလုံးကျွတ်​လွှတ်​ထွက်​သွား​လေပြီ။ ခနအကြာတွင်​​တော့ တိ​တ်​ဆိတ်​မှုကြီးက ပြန်​လွှမ်းမိုးသွားပြန်​၏။ တစ်​ခြားတစ်​ဖက်​မှ အလင်းတန်းတစ်​ခု ကျန်းချိုးမျက်​လုံးတို့နား​ရောက်​လာသဖြင့်​ အ​တော့ကိုစူး​နေ​​လေ​သော်​လည်း မျက်​၀န်းတို့ အလင်းနှင့်​အသားကျချိန်​မြင်​လိုက်​ရ​သော သူ​ကြောင့်​ သက်​မကြီးချ..အသက်​၀၀ရှုလိုက်​ရ​လေသည်​။ အလကားရ​သော ​လေကိုပင်​ မရှူလိုက်​​ရ​သော အချိန်​ကလည်း ရှိခဲ့သည်​မဟုတ်​ပါလား။

"အကိုကြီး Maoge "

ကျောင်းကျုံး ​ညီငယ်​​လေးကျန်းချိုးအားမြင်​၍ စိတ်​သက်​သာရာရရန်​ကြံချိန်​တွင်​ပင်​ ​ဘေးပတ်​လည်​တွင်​ ယု​ရွှေ အား ​အရိပ်​ပင်​မမြင်​..​ခေါ်လည်း ထူးသံမရသဖြင့်​ အပူလှိုင်းကြီး ရင်​ထဲတလိမ့်​လိမ့်​ပြန်​၀င်​လာပြန်​​ချေပြီ။

ကျန်းချိုးမှာ ​သွေးတစ်​​တောက်​​တောက်​ကျ​နေဆဲဖြစ်​​သော မျက်​လုံးတစ်​စုံပိုင်​ရှင်​ ​လောင်​စီ၏ အသက်​မဲ့ခန္တာကိုယ်​ကြီး​ကြောင့်​ နှလုံးတစ်​ခုလုံးအပြန်​ခုန်​ထွက်​မတတ်​ဖြစ်​ရလျက်​..ဒွိဟ​ပေါင်းများစွာဖြင့်​ ကြက်​​သေ​သေ​နေရပြန်​သည်​။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now