Chapter 38.2

8.5K 1.2K 57
                                    

သူတို့မြစ်ဆိပ်ပြန်ရောက်ချိန် မနက်ပင်ရောက်တော့မည်။ ရွာကတော့တိတ်ဆိတ်နေပြီး ဘယ်သူမှတော့မနိုးကြသေး။ သူတို့ လှေတွေသိမ်းနေချိန် တားလျို့ သူ့လည်ပင်းကိုသာကုတ်နေသဖြင့် ရှောင်းလျို့လှမ်းမေးလိုက်၏။

"ဘာဖြစ်လို့လဲ မျက်နှာက နာနေသေးလို့လား"

"သွားစမ်းပါကွာ ဘယ်လိုတောင်ဆိုးလိုက်တဲ့ကံလဲ"

"ဟာ လုပ်စမ်းပါ ဟိုလူကြီးတို့ကိုကယ်ခဲ့တာပဲ ပြီးတော့ ဒီနှစ်ခုစီရယ် Bossငါတို့ကို ခွဲပေးမယ့်​ေ၀စုရယ်နဲ့တင် ငါတို့ နှစ်တော်တော်ကြာ အေးဆေးနှပ်နေလို့ရပြီကို"

တားလျို့  သူ့ဂုတ်နားက မာတောင်တောင်အေးစက်စက်နှင့်ထုံနေသလိုခံစားနေရသဖြင့် ကိုင်ကြည့်လိုက်သော်လည်း ဘားမှမရှိနေ။

"မြန်မြန်ရှင်းရအောင် ခနနေရွာသားတွေနိုးလာတော့မှာ"

တားလျို့ သူ့လည်ပင်းကိစ္စမေ့ထားလိုက်ပြီး ကျွန်ကိုထုပ်ပြီး ကားစမောင်းလိုက်၏။ဒါတွေပြီးလျှင် သူဒီနေရာကိုနောက်တစ်ခေါက်ပြန်လာရန်စဥ်းစားလိုက်၏။ ဂူထဲကျန်းရှီလဲမရှိတော့ အလောင်းခြောက်တွေသာရှိတော့မည်ဖြစ်သဖြင့် သူဘာကိုကြောက်မှကြောက်စရာမလိုတော့။ ကျန်းချိုးကိုမုန်းတာတွေက ဂူထဲကရတနာတွေ သူ့အပိုင်ဖြစ်လာမည်ဆိုသည့်အတွေးတွေအောက် ပျောက်သွားလေတော့သညါ။

-

ကားသွားနေစဥ် ကျန်းချိုး သူ့အိတ်ကိုကိုင်ရင်းအလန့်တကြားဖြစ်သွားရလေ၏။

"ရှောင်းကျန်းလေး​ပျောက်နေတယ် သူကားထဲမှာရှိမနေဘူးလား ငါသွားရှာ..."

"မင်းခေါင်းပေါ်မှာမဟုတ်ဘူးလား"

ဖီးရှန် ကျန်းချိုးခေါင်းကိုညွှန်ပြလိုက်မှ ပျော့ပြီးရှည်သည့်ကျန်းချိုးဆံပင်တွေကြား ထိုင်နေသည့် ကျန်းရှီလေးကိုစမ်းလိုက်မိ၏။

"ရှောင်းကျန်းလေး ဘာလို့အပေါ်ပြေးတက်ရတာလဲ ငါ့ကိုသေအောင်ခြောက်နေတာလား နောက်တစ်ခါမလုပ်ရဘူးနော်"

"ပါ့ပါ သားသိပါပြီ"

ကျန်းရှီလေးသူ့သွားစွယ်တွေကိုလျှာဖြင့်သပ်လိုက်ပြီး ချစ်စဖွဟ်လေးလုပ်ပြလိုက်၏။ ကျန်းချိုးမမြင်ရသော်လည်း ကျန်းရှီအသံလေးကြောင့် သူ့သားဘယ်လောက်တောင် နာခံတတ်ပြီး ချစ်ဖို့ကောင်းနေလဲကို ခံစားမိလျက် ဘေးဖက်ကို အမှတ်မထင်လှည့်ကြည့်လိုက်တော့ ပိုင်ကျွင်းကိုမြင်၍ သူအတောင့်လိုက်ဖြစ်သွားရ၏။ ဟုတ်သားပဲ ကားထဲမှာ ဖေးချင်ပါ ပါလာတာကိုသူမေ့နေသည်ပဲ။ ကားနောက်ခန်းတွင် ဖေးချင်အေးဆေးလှဲလျက် ပြုံးပြလာ၏။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now