Chapter 30(full chapter)

12.1K 1.5K 113
                                    

zawgyi is below..Here is uni

အတိတ်ဘဝ(8)

ကျန်းချိုး လီစူးမျက်နှာကြောင့် စိုးရိမ်ရေမှတ််မြင့်တက်သွားပြီး သူ့ရဲ့ ကူရာမဲ့အခြေအနေကြီးကိုလည်း မုန်းလှ၏၊ အခုက အသက်ရှင်ဖို့က နံပတ်တစ်ဦးစားပေး၊

စိုးရိမ်လွန်နေသည့်သူက တစ်ချက်ကလေးတောင် တုတ်တုတ်မလှုပ်ရဲ..လီစူးနှင့် ဖီးရှန်တို့မျက်နှာ တည်ငြိမ်သွားသည်ကိုမြင်မှ မရဲတရဲမေးလိုက်၏။

"ဘယ်လိုလုပ်ကြမလဲ"

"မသိဘူး"

:အမ်..အေးပါ ခများတို့အဆင်ပြေနေတော့ ကျတော်က ဘာပြောရတော့မှာလဲ:

သူပတ်ပတ်လည်လှည့်ကြည့်လိုက်သော် ချောနေသည်​့နံရံတို့သာ ကြီးစိုးနေ၏။ တစ်ယောက်ယောက်ကများ ဒီနံရံ​ကြီးပေါ ပြေးတက်ပြီး လိုဏ်ခေါင်းပေါ်ကိုသွားကိုင်ထားဖို့ကလည်း o%..ဒီလိုဏ်ခေါင်းအရှေ့မှာ တစ်ရာမီတာလောက်ရရှည်ပြီး ထိုအနောက်တွင်ရေမည်မျှ ရှိမည်လဲမခန့်မှန်းနိုင်။ သို့သော်.. ထိုရေတို့က ညင်ညင်သာသာနှင့်တော့ဆင်းလာမည်မဟုတ်.. သို့ဆိုလျှင် အရှိန်ဘယ်လောက်တောင်ပြင်းမည်တဲ့လဲ..အရှေ့ပဲကြည့်ကြည့်အနောက်ပဲကည့်ကြည့် လွတ်လမ​်းတော့မမြင်မိ။

" ကျတော် ဦးနှောက်ကြီးကို ဖျစ်ထုတ်ပြီးပြီ..ဘာလမ်းမှ ရှာမတွေ့တော့ဘူး"

လီစူး ထိပ်ဖက်ညွန်ပြနေသဖြင့် ကျန်းချိုးမြန်မြန်ငြင်းလိုက်မိ၏။

"အရမ်းချော်တယ်..အကူမပါပဲ တက်လို့မရလောက်ဘူး"

"ဒါဆိုကိုယ့်ကို ဖက်တက်လေ"

အသံဆုံးချိန်တွင် ဂူမဲဖက်မှ မြည်သံကြီး ထွက်လာ၏။ မြေပြင်​​​​ပေါ်ကျောက်တုံးတို့ ပြိုကျလာသလိုအသံကြီးက တစတစနီးလာပြီး အကူအညီအော်တောင်းနေသံကိုပါ တစ်ဆက်တည်းကြားလိုက်ရလေသည်။

"ဒါ အနီရောင်"

မမဆိုသည့်စကားတို့က လျှာဖျားတွင်​ပင် လီစူး၏ အကြည့်စူးစူးအောက် ပျောက်ရှသွားရလေသည်။ သူ့စိတ်ထဲ မျက်ရည်လည်ရွှဲ ဖြစ်နေ​ရပြီဖြစ်သော်ငြား မျက်နှာထက်ကတော့ ဂရုမစိုက်ဟန်ပြုလျက် ပြောလိုက်ရ၏။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now