Chapter 28.1

10.2K 1.5K 55
                                    

အတိတ်ဘ၀ (6)

အလင်းတန်းနှစ်ခုပို၍လင်းလာသည်နှင့်အတူ ကားတစ်စီးသူတို့ရှိရာဘက်သို့ဦးတည်လာလေသည်။ လီစူး သူ့ကိုချီတက်သွားသည့်သစ်ပင်မှာ အုပ်ဆိုင်းရှည်လျားပြီး သူတို့ပုန်းနေသည်က အထိတ်နားရောက်နေသဖြင့် တော်ရုံတန်ရုံသတိမထားမိနိုင်။

"သူတို့လေးယောက်ပဲလား?"

ကျန်းချို့၏ တိုးတိုးလေးအမေးအား လီစူးခေါင်းငြိတ်ပြလိုက်၏။ ကျန်းချိုးအခုမှ ဖီးရှန်ကိုသတိရသွားချိန် လီစူး သူ့တို့နှင့်မျက်နှာချင်းဆိုင်အပင်ဖက်ညွှန်ပြလာလေသည်။ ကျန်းချိုးအာရုံစိုက်ကြည့်လည်း ဘားမှမမြင်ရ။

"ခများက မျက်စိကောင်းလိုက်တာ"

သူ့ညဘက်ထိုးဖောက်မြင်ရသည့်စွမ်းရည်အကြောင်းစဉ်းစားမိသွားရင်း လီစူးအား အထူးအဆန်းသဖွယ်မေးလိုက်၏။

"သူတို့ကိုမမြင်ရဘူးလို့ဘာလို့ပြောတာလဲ"

"သိပ်မရှင်းလို့"

ဖြေရှင်းချက်ပေးနေရင်း လီစူး ကျန်းချိုး၏ ဗိုက်ဆီအကြည့်ရောက်သွား၏။ ပိုနီးလာသည့်ကားဆီကိုသာအာရုံရောက်နေသော ကျန်းချိုးကတော့ သတိမထားမိ။ တဖြေးဖြေးနီးလာသော ထိုကား၏ စက်သံက ကျန်းချိုးကို တွေ့များသွားလေမလားဟူသည့် စိုးရိမ်စိတ်ကြီး ကြီးထွားလာသဖြင့် အသက်မှန်မှန်ရှူရင်းဖြေလျော့နေရလေသည်။

"သူတို့ကားကိုတွေ့ပြီ"

SUVကားထဲမှ bodyguardဖြစ်သူဆင်းလာပြီး သူတို့ကားဆီကို ဆင်းလာကြည့်ပြီး ကားပြတင်းပေါက်ကနေ လေ့လာလျက် အနောက်ကဆင်းလိုက်လာသော သုံးယောက်အား ခေါင်းခါပြလိုက်သည်။

"ဘယ်သူမှ မရှိဘူး"

"သူတို့ငါတို့အကြောင်းသိသွားတာတော့မဖြစ်နိုင်လောက်ပါဘူးနော်"

ပုပုသေးသေးတစ်ယောက်မှာ ဓာတ်မီးထုတ်ကာ သူတို့ပုန်းနေသည့် သစ်ပင်ဖက်သို့ ထိုးကြည့်လာလေသဖြင့် ကျန်းချိုးသေမတတ်လန့်သွားရလေပြီး လီစူး၏ အင်္ကျီစကိုသာတင်းတင်းဆုပ်ထားလိုက်မိ၏။ ထိုမီးရောင်အောက် သူတို့ကိုမတွေ့သွားဟန်ပင်။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now