Chapter 33(full chapter)

11.8K 1.6K 176
                                    

ကျင်းဘုရင်ဟွေ့ဂူ(1)

ကျန်းရှီလေး: ရပ်ကြပါဦး ပါးပါးတို့ရေ

ကျန်းချိုး ဒူးထောက်ချလိုက်ပြီး အနောက်ကိုလည်းတစ်ချက်မှ လှည့်မကြည့်ရဲ။ သူ့ပုခုံးပေါ်က အေးစက်စက်နှင့် ရယ်သံသေးသေးတို့က မသိလျှင်အရုပ်တစ္ဆေခြောက်ခံနေရသလိုပင်။

"တောင်းပန်ပါတယ် ကျတော်ကို မနှောက်ယှက်ကြပါနဲ့!"

ကျနါးချိုးအော်ကြီးဟစ်ကျယ်တိုင်တည်ပြီး ချိန်တွင် ရှူးဖိနပ်တစ်စုံက သူ့ရှေ့လာရပ်သဖြင့် တဖြေးဖြေးမော့ကြည့်လိုက်တော့ လရောင်ဖျော့ဖျော့အောက်က ပြိုင်ဘက်ကင်းချောမောနေသည့်မျက်နှာတစ်စုံပေါ်လာလေမှ သူ စိတ်သက်သာရာရသွား၏။ သူ့ပုခုံးပေါ်က ဟာလေးကလည်း တဖောက်ဖောက်ဖြင့် တံတွေးပူဖောင်းဖောက်နေသဖြင့် ဘာလဲဆိုတာပါ လှည့်မကြည့်ပဲ တန်းသိသွား၏။

"ပါးပါးရေ သားသား ဗိုက်ဗိုက်ဆာတယ်"

ကျန်းချိုးဆံပင်တို့ကို လက်အေးလေးများက ဆုပ်ကိုင်နေသည်။ ကြည့်ရတာ အောက်ဆင်းချင်နေပုံပင်။ ထို့နောက် ကျန်းချိုး ကော်လံကို တစ်ဖက်ဖြင့်ကိုင်ရင်း တွားသွားဆင်းနေသဖြင့် ကလေး သူ့ ရင်ပတ်နားရောက်သည်အထိ သတိထားထိန်းပေးလိုက်၏။

"ပါးပါး နို့နို့ဆာတယ်"

လရောင်အောက် ကလေး၏ ကျားသွားနှစ်ချောင်းက ပြူးခနဲ တလက်လက်ဖြင့် ကျန်းချိုး ပန်ဒါမျက်လုံးဝိုင်းကိုမြင်ချိန် အနည်းငယ်ကြောက်သလို ခံစားလိုက်ရသဖြင့် ချင်ချင်းမျက်လုံးလွှဲလိုက်ရသေး၏။ သူဒါနဲ့ နည်းနည်းတော့ အသားမကျသေး။ ကလေးက ကျန်းချိုးကြောက်သွားမှန်း ရိပ်မိသဖြင့် မျက်လုံးဝိုင်းလေးထဲမှ မျက်ရည်တို့ စီးကျလာသည်အထိ အော်ငိုလေတော့သည်။ ကျန်းချိုး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့။ အော်သံကို စိတ်အနှောင့်အယှက်ဖြစ်တာထက် သနားတာက ပိုသွား၏။ ကလေးကော သူကောက သနားစရာလေးတွေလေ ဒါတွေရဲ့ တရားခံက ဟိုမကောင်းဆိုး၀ါး လီစူးကြောင့်ပင်။

"မငိုနဲ့"

ကျန်းချိုး မချိုမသာပြောလိုက်လေသောကြောင့် သူ့လက်ပေါ်ကကလေးက ပို၍ပင် ငိုသွားသဖြင့် ကျန်းချိုး ဘေးပတ်၀န်းကျင်ကို အမြန်အကဲခတ်ရသေး၏။ တော်ပါသေးရဲ့ ဘယ်သူမှ မရှိလို့။ ကလေးကို လက်တစ်ဖက်ဖြင့်ချီရင် ကျန်တစ်ဖက်ဖြင့် ကလေးခေါင်းကိုပွတ်ပေးလိုက်၏။ ခေါင်းက airconလိုမျိုး အေးအေးမြမြလေး။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now