Chapter 16(full chapter)

13.5K 1.7K 147
                                    

ဖီးနစ်​​သွေး (5)

ကျန်းချိုးကိုမြင်​သွား​သော ကျန်းယု​ရွှေမှာလည်း တအံတ​သြကြီးနှင့်​။

"မင်းတို့က ဘယ်​လို​လုပ်​ ဒီ​ရောက်​​နေရတာလဲ"

"ကျ​တော်​လည်း အကို့ကို ​မေးချင်​​နေတာ"

ကျန်းချိုး ယခု​တွေ့​နေရ​သော ယု​ရွှေမှာ ဖီးရှန်​နှင့်​မ​တွေ့ခဲ့စဉ်​ကအတိုင်းပြန်​ဖြစ်​​နေ​ကြောင်းသတိထားမိလိုက်​သဖြင့်​ သူ​လေဆိပ်​တွင်​​တွေ့ခဲ့​သော တစ်​​ယောက်​မှာ ဖီးရှန်​ဟုတ်​မဟုတ်​ဟူသည့်​ကိစ္စကို မြိုချထားလိုက်​​လေသည်​။

ယု​ရွှေ လီစူးကိုကြည့်​ပြီး တစ်​ချက်​တုံ့ ဆိုင်း​နေပြီးမှ စာရွက်​ပိုင်း​လေးတစ်​ခုထုတ်​ယူလျက်​ ကျန်းချိုးဖက်​ ထိုး​ပေးလိုက်​​လေသည်​။ကျန်းချိုး ယူဖွင့်​ကြည့်​လိုက်​​သော စာထဲတွင်​ လက်​​ရေးမူနှင့်​မဟုတ်​ပဲ စာရိုက်​ထားဟန်​ရှိပြီး စာတွင်​က:

*မင်းနဲ့ ဖီးရှန်​​ဟွေးဟွမ်​*ဟု​ရေးထားပြီး ယခုသူတို့တည်း​နေ​သော​နေရာ၏ လိပ်​စာကို ​ရေးသားထား​လေသည်​။

"အကို၂..အခုထိ ဖီးရှန်​အ​ကြောင်းစဉ်းစားတုန်းလား"

ကျန်းချိုး ​ပြောလည်း​ပြော စိတ်​ရှုပ်​​ထွေးစွာဖြင့်​ စာရွက်​ကိုအပြန်​ပြန်​အလှန်​လှန်​ဖတ်​ပြီး ဟိုဘက်​ဒီဘက်​လှန်​ကြည့်​​သော်​လည်း ဘားမှ ထူးထူးခြားခြားမ​ဖော်​ပြထား​ပေ။

"ဒီစာရွက်​ကို ဘယ်​သူ​ပေးလိုက်​တာလဲ အကို"

ယု​ရွှေ ​ခေါင်းခါပြလိုက်​မိသည်​။

"တစ်​​ယောက်​​ယောက်​က တစ်​ဆင့်​ပို့လာတာ"

ယု​ရွှေ ထိုအ​ရေးတွက်​ အချိန်​မဖြုန်းလို​နေပဲ သူသိချင်​လှ​သော ကိစ္စကိုသာ လမ်း​ကြောင်း​ပြောင်းလိုက်​၏။

"မင်းက​ကော ဒီကို ဘယ်​လိုလုပ်​​ရောက်​လာရတာလဲ"

လီစူးဖက်​လှည့်​ကြည့်​လိုက်​​တော့ လီစူး​ခေါင်းညိတ်​ပြလိုက်​သည်​ကိုမြင်​​သော​ကြောင့်​ ကျန်းချိုး သူတို့ကြုံခဲ့သည်​များကို အ​ကြောင်းဆုံ​ပြောပြလိုက်​​လေသည်​။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now