Chapter 19.1

10.7K 1.6K 27
                                    

ဖီးနစ်သွေး (8)

အားရန်လို့ခေါ်လိုက်သော ယုရွှေ၏ မျက်လုံးများက တကယ့်ကို စိတ်ရှုပ်ထွေးနေမှန်းသိသာလှ၏။ အားရန်ဟုခေါ်လိုက်ပုံက ယခင်အချိန်တုန်းက အခေါက်ပေါင်းသန်းနဲ့ချီအောင်ပင် ခေါ်ခဲ့ဖူးပြီး လျှာဖျားတို့ကလည်း ခေါက်ရိုးကျိုး ခေါ်သားကျနေသကဲ့သို့ပင်။ အခုတခနတွင်တော့ အခြေအနေတစ်ခုလုံးက အေးခဲလျက်..တိတ်ဆိတ်သွားလျက်...

ကျန်းချိုး အနောက်မှာရပ်ရင်းကနေ သူတို့ကို ဒီလိုအခြေအနေကြီးက စကားပြောလို့ကောင်းတဲ့နေရာမဟုတ်ကြောင်း သတိပေးလို၏။ ​ေပြာစရာစကား ထောင်နဲ့ချီနေရင်တောင် ဂူအပြင်ရောက်တဲ့အထိတော့ ရွှေ့ဆိုင်းသင့်သည်မဟုတ်လား..

ဒီလို လူထောင်ချီတို့၏...မဟုတ်သေး..အလောင်းထောင်ချီရှိနေသည့် အခေါင်းတို့ထားရာနေရာက ကျုံးကျီးတို့ ထွက်လာဖို့အဖြစ်နိုင်ဆုံးနေရာပင်...သူတို့က အချိန်မရွေး ထိုခုန်ထွက်လာနိုင်တဲ့ ကျုံးကျီးတို့ရဲ့ အစာဖြစ်သွားနိုင်သည်ပေ။

ဒီအခြေအနေမှာ ကျန်းချိုး နည်းနည်းလေးမှ ဝင်မဖျန်ဖြေရဲ..သို့သော်လည်း

"အ..ဟမ်း"

"သောက်ကောင် မင်းကဘယ်သူလဲ"

ကျန်းချိုးတကယ်တော့ ချောင်းအတုဟန့်ပြီး ဒီအခြေအနေကို တစ်ခုခုပြောင်းအောင်ကြိုးစားခဲ့ချင်ရုံပါ..သို့သော် သူ့ဘေးက လောင်ဖေ၏ သက်သက်သာသာအသံကြီးကြောင့် သူ့တံတွေးနဲ့သူမွန်းသွားရပြီး သီးသွားလျှက် ကျန်းချိုး တကယ့်ချောင်းအစစ်ကြီးဆိုးမိသွားရ၏။ မဆိုးခံနိုင်ရိုးလား...လောင်ဖေမှာ တစ်ခြားတစ်ဖက်က ဖီးရှန်ဟွေ့၀မ်ကိုပင် သေနတ်နှင့်ချိန်ထားပြီးဖြစ်နေလေပြီ..

သူ့အနောက်က လက်အေးအေးတစ်ဖက်ကတော့ သူ့ကို ဖွဖွလေးပုတ်ပေးနေသဖြင့် ကျန်းချိုး သက်သာလာသလိုခံစားရပြီး ချောင်းဆိုးခြင်းမှာ တဖြေးဖြေးရပ်သွားလေသည်။

တစ်ဖက်က ဖီးရှန်ဟွေ့၀မ်မှာတော့ မျက်လုံးထဲ ပြုံးရိပ်တကယ်မရှိပါပဲ နှုတ်ခမ်းထက် နူးညံ့ဟန်အပြုံးတစ်ခုဖြင့် သူ့အားစိုက်ကြည့်လာသဖြင့် လောင်ဖေတကယ့်ကို shockရသွား၏။ သူတို့က ယောင်္ကျားအရင့်အမာများဖြစ်ကြသော်လည်း ဖီးရှန်ဟွေ့၀မ်၏ အကြည့်နှင့် အသတ်အဖြတ်စကေးကတော့ အပြတ်အသတ်သာမှန်း ဘယ်နားက သိသာစေနေမှန်းမသိ။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now