Chapter 38.1

7.8K 1.3K 113
                                    

ကျင်းဘုရင်ဟွေ့ဂူ(6)

....ကျန်းရှီလေးရေ အဲ့မှာဘဲလေးနဲ့ပဲကစားနေပါ..

လီစူး ကျန်းချိုးကိုသူ့နောက်ပို့လိုက်ချိန် အိတ်ထဲက ကျန်းရှီလေးလဲ ခေါင်းထွက်ပြီး ဟိုကြည့်ဒီကြည့်လုပ်လာ၏။ ကျန်းချိုးကတော့သတိမထားမိ။ ဓာတ်မီးအားလုံး တံခါးဆီထိုးထားကြသောကြောင့် ကျန်းရှီလေး၏ မျက်လုံးတောက်တောက်ကိုမမြင်လိုက်ကြသည်ထင်။

ထင်ယောင်ထင်မှားလားမသိသော်လဲ စင်္ကြံလမ်းပေါ်ကခြေသံတို့ကြားနေရသယောင်ပင်။ သေချာနားထောင်တော့မကြားရတော့။ လုံး၀တိတ်ဆိတ်သွားခြင်းကလဲ စိုးရိမ်စရာပင်။ ဂူထဲကဆူညံသံထက် ရုတ်တရက်တိတ်သွားသည်က ပိုကြောက်ဖို့ကောင်းသည်တော့ သေချာ၏။
အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်ဆဲပင်။

ကျန်းချိုးစိတ်နည်းနည်းသက်သာသွားသလို ပါးစပ်ဟရန်ပင်ရှိသေး သူ့ခေါင်းပေါ်က အသက်ရှုသံကြားလိုက်ရသဖြင့် သတိမထားမိပဲမော့ကြည့်လိုက်တော့ ဆုံလိုက်သည်က မျက်စိနှစ်လုံး။ အခုတော့ ဘာလုပ်ရမှန်းမသိတော့။

"ပါ့ပါး"

ကျန်းချိုး လက်နားစူးခနဲဖြစ်သွား၍ ခေါင်းခါလိုက်မိ၏။ ကျန်းရှီလေးအိတ်ထဲကထွက်လာပြီးသူ့လက်ကိုကိုက်သတိပေးလိုက်ခြင်းပင်။ ကျန်းချိုးဘေးဖက်ကိုကြည့်ရင်းခြေနှစ်လှမ်းလောက်ဆုတ်လိုက်သော်လည်း အပေါ်ကိုတော့ပြန်မမော့ကြည့်ရဲတော့။

"ဘာကြီးလဲ"

ကျန်းချိုးမရှိတော့သည့် တံတွေးသာမြိုချလျက် အပေါ်ကိုမမော့ရဲပဲ ခြောက်ခြောက်ကပ်ကပ်ပြောလိုက်၏။

"တစ်ယောက်ယောက်အပေါ်မှာရှိနေတယ်"

သူ့စကားအဆုံးအားလုံးတစ်ခနအတွင်းအပြင်ကိုခုန်ထွက်လိုက်ကြ၏။

"မင်းငါ့ကိုစားချင်တယ်လို့ငါကြားတယ်"

ထိုလူသားက သူ့အားစိုက်ကြည့်ရင်းသူ့အနားကပ်လာ၏။ ကျန်းချိုးခေါင်းထိပ်ချမ်းသွား၏။ ထိုလူသားက လူသားတော့မဟုတ်။ ရှေးဟောင်းအစေခံ၀တ်ရုံကို၀တ်ထား၏။ ၀တ်ရုံကတော့ဆွေးမြေ့စုတ်ပြဲလျက်။ သူ့အသားကမဲမှောင်ခြောက်သွေ့ပြီး မာတောင်တောင်နှင့်။ မျက်နှာကလဲ အသေလိုက်ကြီး။ ရုပ်ကတော့ အသက်ငါးဆယ်ကျော် ရိုးသားသည့်ရုပ်မျိုး။ အခုခနတော့ သူ့လက်ထဲတွင်လူခေါင်းတစ်ခေါင်းနှင့်။ ထိုလူခေါင်းက သွေးမပေပဲ သန့်နေ၏။ သေချာကြည့်လျှင်သွားရာရှိပြီး အဝါးခံထားရသလိုပင်။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now