Chapter 24.1

10.3K 1.4K 26
                                    

အတိတ်ဘဝ(2)

ခနစောင့်ရမည်ဟူသောစာသားက ဖီးရှန်မျက်နှာထက် စိတ်မရှည်ဟန်တို့ပေါ်ပေါက်သွားစေလေသည်။ ကျန်းချိုး ဖီးရှန်ကိုနှစ်သိမ့်လိုက်ရ၏။

"စိတ်အရမ်းမပူပါနဲ့..အကိုအသက်ရှင်လာမယ်လို့ ကျတော်သေချာပေါက်ယုံကြည်တယ် ..သူက ဇာမနီမျိုးသေချာရင် ကျတော်တို့လိုသာမာန်နဲ့တော့ ခြားနားမှာပါ"

"ငါသူ့ကိုအရင်တုန်းက အရမ်းမုန်းခဲ့လို့ ပြသနာအမျိုးမျိုးဖန်တီးခဲ့တယ်...တကယ့်တကယ်သူငါရှေ့ကလည်း ပျောက်သွားရော..ငါသူ့ကိုဘယ်တုန်းကမှမမုန်းခဲ့ဖူးဆိုတဲ့အမှန်တရားက ပေါ်လာရော"

ဖီးရှန်သူ့အိပ်ကပ်ထဲက ပုတီးစေ့လေးကိုပွတ်သတ်ရင်း တည်ငြိမ်အောင်ကြိုးစားနေရလျက် ဟိုးဝေးဝေးက အတိတ်ဇာတ်ကြောင်းလေးတစ်ခုကို အစပြန်ဖော်နေလေသည်။

"သူထင်ခဲ့တာ သူကိုယ်တိုင်ကြောင့်ပဲ ငါသေခဲ့တာလို့လေ...တကယ်တော့ ငါသူ့ကို လုံးဝမပျော်ရွှင်စေချင်ခဲ့တာ ..သူကအရာအားလုံးကို ထိုးထွင်းသိနိုင်ခဲ့ပေမယ့် ငါ့သေခြင်းတရားကြီးတော့မပါခဲ့ဖူး.. "

မြိုသိပ်ထားသည့်အချိန်တို့ကအရမ်းကြာရှည်ခဲ့သောကြောင့်လားမသိ..ဖီးရှန်၏ စကားလုံးတို့ အဆင်ချောချောဖြင့် တရစပ်.. .

"ငါ လျို့ဒါးရှေ့မှာ သိမ်မွေ့ဟန်ဆောင်ခဲ့တာက ယောကျာၤးတစ်ယောက်အောက်ရောက်ရဖို့ ဖိအားပေးခံလိုက်ရတာပဲ..အာဏာတွေကြား ငါထွေပြားရင်း သူ့ကိုအဆိပ်ခတ်ပြီး ထီးနန်းသိမ်းဖို့ကြံရွယ်ခဲ့ပေမယ့် ငယ်ရွယ်နူးညံ့ပြီး ဘယ်တုန်းကမှ သတိမလျော့ဖူးတဲ့သူက ငါ့လှည့်ကွက်တွေထဲ မကျရောက်ခဲ့ဖူး..ဟက်"

"အဲ့နောက်တော့ အကျဉ်းချခံလိုက်ရပြီး ညှင်းပန်းနှိပ်စက်မှုပေါင်းစုံကိုပဲရလိုက်တဲ့အပြင် တုန်လှုပ်စရာကောင်းတဲ့အဖြေတစ်ခုက ငါဆိုတဲ့ဦးရီးတော်က နန်းသွေးတစ်စက်တောင်မပါတဲ့ သူတစ်ယောက်ဆိုတာကိုပဲ"

ကျန်းချိုးလည်း ဖီးရှန်နှင် ယုရွှေတို့က တူအရီးတွေလို့ထင်ခဲ့ဖူးပေသည်။ အခုတော့ ဟန်ဘုရင်နှင့်ဖီးရှန်တို့ဘားမှတော်စပ်မှုမရှိဟူသည့်အမှန်တရားတစ်ရပ်ပေါ်လာခဲ့ပေပြီ။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now