Chapter 45(full chapter)

7.4K 1.1K 42
                                    

ရှဲကျီ(1)

ရှဲကျီဆိုသည်မှာ တရုတ်ရိုးရာ၌အကောင်းအဆိုးခွဲနိုင်သည့်သတ္တဝါကိုဆိုလိုပြီး unicornကအမြီးတိုနဂါးအရေခွံ ဂျိုနှင့် ခြင်္သေ့ပုံ။if you wanna see photo ..search in google by typing xiezhi..
.....

...ကြည့်ကောင်းတဲ့ကောင်ချောလေးတိုင်းမှာဘဲကိုယ်စီနဲ့......

လင်းတန်မှာအလင်းကြောက်သူပီပီအနောက်တန်းတွင်သာထိုင်သဖြင့် ဖေးချင်ကားမောင်းရင်း အနောက်ကပြောနေသည်များကိုသေချာအာရုံစ်ုက်နားထောင်လိုက်၏။ လင်းတန်၏ နောက်ကျရင်သေချာလေ့လာရမည်ဆိုသည့်စကားကြောင့် သူ့ပါးစပ်ကနားရွက်တက်ချိတ်နေသည်ကိုမနည်းပြန်ဆွဲချထားရ၏။

ကျန်းချိုးထိုနှစ်ယောက်ကြောင့်မျက်လုံးများကျိမ်းသွားရလေပြီးသူ့ဟာသူဖီးရှန်ပေါ်ကကျန်းရှီးလေးကိုသာ လက်ယက်ခေါ်လိုက်၏။ ကြားသုံးကြား၀င်မပါသင့်မှန်း ကျန်းချိုးသင်ခန်းစာရသွားလေပြီ။

ကျန်းရှီးလေးကျန်းချိုးဆီတက်လာတော့ ဖီးရှန်မျက်နှာက သက်သက်သာသာဖြစ်သွား၏။ သူ့ကလေးမဟုတ်ပဲ တစ်ချိန်လုံးချော့မြူနေရတာလဲ ဖီးရှန်ပင်ပန်းနေလောက်ပေပြီ။

"ဖေဖေ ကိုကြီးဟွားဟွားတို့ဆီသွားနေတာလား"

"အင်"

ကျန်းချိုးဖြေရင်းသူ့သား၏ အေးမြနူးညံ့သည့်အသားတို့ကိုထိတွေ့လိုက်၏။ နွေရာသီရဲ့အမောပြေရေခဲလေး။ သူ့အဖေပွတ်သတ်ပေးတာကိုခံယူနေသည့်ရှောင်းကျန်းလေးမျက်နှာက တကယ့်နှစ်လိုဖွယ်လေး။ သူ့အကိုကြီးဟွားဟွားကိုတွေ့ရတော့မည်ဖြစ်သောကြောင့်အတော်စိတ်လှုပ်ရှားနေပုံပင်။ ဟွားအတွက်လက်ဆောင်ပါသေး၏။

ဟွားတင်တို့ဆီရောက်ချိန် ဟွားတင်မှာဆေးရုံကပင်ဆင်းပြီးနေပြီ။ ဖြစ်နိုင်တာက လီစူးသွေးကြောင့်နှင့်မှော်အစီရင်ပျက်သွားသောကြောင့်။ လုဖန်ကလည်း ဟွားတင်ကျန်းကျန်းမာမာဖြစ်လို့ပျော်နေပုံပင်။ သူတို့အချင်းချင်းနှုတ်ဆက်နေရင်းမှ ဟွားတင် လီစူးလက်ပေါ်ကကလေးကိုကြည့်ရင်းတအံ့တသြဖြစ်သွားရ၏။

"ရှောင်းကျန်း?သူချက်ချင်းဒီလောက်တောင်ထွားလာတယ်ပေါ့"

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now