Chapter 49(full chapter)

6.3K 978 28
                                    

ရှဲကျီ(5)
....ခရီးသွားခြင်း....

လီစူးခပ်နောက်နောက်မျက်နှာထားနှင့်ပင်

"Oh?"

ထိုစကားတစ်လုံးတည်းနှင့်ပင်အကင်းပါးလှသည့်ကျန်းချိုး လီစူးသူ့ကိုစနောက်ကျီစယ်ကာ ဖျာရောင်းနေမှန်းသိသော်ငြား အခုတော့သူမ၀ယ်သေးပဲ ပြန်ရောင်းလိုက်၏။

"ရှောင်စူးစူး ခများလေးမမြင်လိုက်ဘူးလား?"

"မင်းကတော်တော် တော်လာပြီပဲ"

လီစူးပြောနေရင်း အ​ေ၀းရောက်နေပြီဖြစ်သည့် ထိုလူတို့ကိုခေါင်းလှည့်ကြည့်ရင်း

"စုကျီချိုင်က တကယ့်အခြေနေမှန်ကိုမဖုံးကွယ်ခဲ့ဘူး သူက ကိုယ်တို့မသိမှာစိုးလို့တောင် ပွဲကိုရည်ရွယ်ချက်ရှိရှိတက်ခဲ့တာပဲ"

Partyပွဲပြီးချိန်တွင် တစ်ဖက်က အမှောင်ထဲကနေတောင်လူလုံးထွက်ပြနေပေပြီ။ နှစ်ဖက်လုံးက အချင်းချင်းနှောင့်နှေးအောင် စွမ်းဆောင်နေကြခြင်း။ ကျန်းချိုးတို့အဖွဲ့က ကျန်းရိရွှေကို နတ်ဘုရားသွေးနှင့်ပြန်လည်ရှင်သန်အောင်ကြိုးစားနေခြင်းဖြစ်ပြီး စုကျီချိုင်တို့ကတော့ ထိုမျှလောက် နတ်ဘုရားသွေးလေးကြောင့်ပင်မဟုတ်ပဲ ဖေးချင်ဆီမှ မနိုးထသေးသော  သွေးအမွေနှစ် ဖီးရှန်လက်ထဲက ဖီးနစ်လုံးအပြင် သူတို့က ချီရှီမှာ ရှဲကျီဖြစ်ကြောင်းပါသိနေခဲ့ပေပြီ။

အခုတော့ စုကျီချိုင်ဆီ ခြေနောက်တစ်လှမ်းရှေ့တို့ဖို့သာ။ ရှင်ကျန်းတွင် ဘာတွေဖြစ်လာနိုင်သည်ကို မည်သူကမျှ ကြိုမသိနိုင်။

"တကယ်ဆို ဖေးချင်ကိုနေခဲ့ခိုင်းလို့ ရတာပဲ"

"ကိုယ်တို့ရွေးစရာမရှိမှာစိုးတယ်"

စုကျီချိုင်က အရှေ့မှာပိတ်ရပ်ပြီးသားဖြစ်ပြီး ဘယ်အကြောင်းကြောင့် ဖေးချင်ကိုလွတ်ပေးတော့မည်နည်း။ သူတို့အိမ်ရှေ့တံခါး၀ရောက်ချိန်အထဲက ငိုရှိုက်နေသံကြားပြီး အရိပ်တစ်ခုက အမြန်ပြေးထွက်လာသဖြင့် ကျန်းချိုးအနောက်လန်ကျမလိုဖြစ်သွားပြီး လီစူးက ထိန်းလိုက်ရ၏။ လီစူး ကျန်းချိုးလက်မောင်းကြားပွေ့ဖက်ထားသည့်လူကိုမြင်လိုက်ချိန် မျက်နှာက
ရေသေလိုဖြစ်ပျက်သွားလေသည်။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now