Chapter 65(full chapter)

3.9K 817 48
                                    

ထိုအရေခွံတို့တွင် မျက်လုံးပေါက်ဟောင်းလောင်း၊ နှာခေါင်းပေါက်ဟောင်းလောင်းဖြစ်နေသော်လည်း မိတ်ကပ်အပြည့်ဖို့ထားပုံကထူးဆန်း၏။

အရေခွံသက်သက်သာဖြစ်ပြီး တစ္ဆေဝိညာဥ်တို့လည်း ပျက်ပျယ်သွားပြီကိုသိသော်ငြား နံရံအပြည့်အရေခွံချိတ်ထားသည့် ဤမှောင်မှောင်မဲမဲထဲ ဓာတ်မီးလေးတစ်လက်နှင့်ရပ်နေသည့်လူအတွက်တော့အကြောက်တရားကရှိနေဆဲ။

ကျန်းချိုးမျက်ရည်များဆို့လာသည်အထိပျို့တက်လာပြီး နှာတရှုံ့ရှုံ့ဖြစ်နေသဖြင့် လီစူး ကျန်းချိုးမျက်နှာကို တစ်ရှူးဖြင့်လှမ်းသုတ်ပေး၏။ ကျန်းချိုးမျက်နှာတည်ဖြင့်ရပ်နေသော်လည်း အနည်းငယ်ရှက်မိ၏။

"မ​လန့်နဲ့"

"မလန့်ဘူး အန်ချင်ရုံပဲ"

လီစူး ကျန်းချိုးစကားကိုခေါင်းငြိမ့်ရင်းသာ သူ့လက်ဆွဲရင်းဆက်သွားလိုက်၏။

"လမ်းကအရမ်းကျယ်တယ်"

ဘေးကိုတစ်ချက်မှမကြည့်ရဲပဲသွားနေသည့်ကျန်းချိုး အရေခွံတွေဆီကနေအာရုံလွှဲဖို့ စကားပြောလိုက်သည်။

"ဒီကနေလေးငါးမီတာလောက်ရှိလား? ကျုံး​ရှိတဲ့ပုံပဲ ပဒေသရာဇ်ခေတ်က ဘုရင်တွေကသိပ်အားကြီးတာပဲ ဂူတစ်ဂူဆောက်ဖို့အနည်းဆုံးနှစ်သုံးလေးဆယ်ကြာခဲ့မှာ သက်သက်လူအင်အားပစ္စည်းအင်အားဖြုန်းတာပဲ ..."

လမ်းကလူလေးငါးယောက်လောက်ဘေးချင်းကပ်သွားနိုင်တာဖြစ်သဖြင့် ကျန်းချိုးတစ်ဖက်တွင်လီစူးရှိပြီးကျန်ဘေးတစ်ဖက်တွင် ရှောင်းကျန်း၊ အကို၂နှင့်အားစုန့်တို့ရှိ၏။

"ဒါဂူစင်္ကြံလမ်းနဲ့မတူဘူး"

ဖီးရှန်စကားကြောင့် ကျန်းချိုးနည်းနည်းကိုးရိုးကားယားဖြစ်သွားသည်။

"အားစုန့် မင်း လူအင်အားပစ္စည်းအင်အားဖြုန်းခဲ့တယ်လို့ပြောတာမဟုတ်ပါဘူး"

သူ့အားစုန့် မင်းတစ်ပါးဖြစ်ခဲ့ပြီး သူ့အကိုပါဘုရင်နှင့်ဆက်စပ်ဖြစ်ခဲ့သည်ဆိုတာအပြင် အားစုန့်ဂူက ကြီးကျယ်ခန်းနားလွန်းခဲ့သည်ဆိုတာပါ သူမေ့သွားမိခြင်း။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now