Chapter 77(full chapter)

6.2K 713 63
                                    

ရှောင်းလင့်ရဲ့ တမလွန်ခရီးစဥ်အတွက် အသေအချာပြင်ပေးလိုက်သည်ဖြစ်လေရာ ရှောင်းလင့် မြေအောက်ကမ္ဘာမှာ အနိုင်ကျင့်ခံရဖို့မသေချာ။ အခုသူ့ပုံစံကလည်း သတ္တိရှိရှိ မကြောက်မရွံ့ပုံထွက်နေသဖြင့် ဧကန္တ မြေအောက်ကမ္ဘာမှာ အလုပ်ရခဲ့ပုံပင်။ သေမင်းတမန်..အခုလူ့ပြည်အခေါ် အစိုးရဝန်ထမ်းပေါ့ဗျာ။

"သူဌေးပြောတာတော့ ကျတော်အခု အလုပ်သင်ဆင်းရမယ်တဲ့ တစ်လသုံးရက်နားရတယ် ကျတော့်လုပ်ဆောင်ချက်ကောင်းရင် ဘောနပ်စ်ကောင်းကောင်းရမယ်တဲ့ ပြီးတော့မြေအောက်ကမ္ဘာမှာ အိမ်တွေက စျေးမကြီးဘူး ကျတော်အလုပ်သင်ပြီးရင် နှစ်ရက်နားရပြီး လစာက နှစ်ဆရမှာ ပြီးတော့ နားရက်ကျ ဒီပေါ်ပြန်လာလို့ရတယ် ကျတော် ပြန်ဝင်စားရင်တောင် ဒီလောက်ကောင်းတဲ့အလုပ်ရမှာမဟုတ်လောက်ဘူး ဘယ်လိုဖြစ်ဖြစ်ကျတော်အခု အရမ်းအဆင်ပြေနေပါပြီ"

ရှောင်းလင့်ရဲ့ အဓိပ္ပါယ်မရှိသည့်ဘအကြောင်းပြချက်တွေကြား သေချာသည့်အကြောင်းပြချက်ကို ကျန်းချိုးသိနေခဲ့ပါသည်။ လင့်ကျားဟဲကို မေ့မရသူ။

"ပိတ်ရက်ဒီပေါ်တက်ပြီး မင်းသခင်လေးကို လာချောင်းမလို့မလား"

ချီရှီပြောရင်း

"အင် အဆင်တွေပြေနေရော မင်းသခင်လေးကလည်း လက်မထပ်ဖြစ်ဘူး မင်း​သေ သွားလို့အသဲတွေကွဲနေတာ"

အမ်းတန်းတန်းမျက်နှာနှင့် ေရှာင်းလင့်အမူအရာက ချီရှီစကားမှန်ကြောင်းသက်သေ။ အချိန်အနည်းငယ်ကြာ အမ်းတန်းတန်းဖြစ်ပြီးမှ ရှောင်းလင့် ချီရှီ အကျီစကိုဆွဲရင်း စိုးရိမ်တကြီးမေးလာ၏။

"သခင်လေးက လက်မထပ်ရသေးဘူးလား? ဘာလို့လဲ ကျတော်သေတာ သူဘယ်လိုသိသွားတာလဲ?"

"မင်းမသိဘူးလား"

ဒီတစ်ခါကြောင်ကုန်တာ ကျန်းချိုးတို့။ လင့်ကျားဟဲအကြောင်းသိလို့ မြေအောက်ကမ္ဘာမှာနေခဲ့သည်ထင်တာ။

မျက်နှာဖြူနဲ့လူက

"ငါတို့ငရဲက ဝန်ထမ်းတွေကို ကျပန်းရွေးနေတယ်လို့များ ထင်နေကြတာလား? trainingတွေမပေးပဲ အလုပ်ဆင်းခိုင်းမယ်လို့လေ"

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now