Chapter 18.1

11K 1.7K 87
                                    

ဖီးနစ်​​သွေး (7)

"​ရောင်းရင်း လီစူး မင်း​မြင်​လား?"

ထိုသို့အစချီလိုက်​​သော ကျင်း​လောင်​ဒါးမှ လီစူးအား အ​ရှေ့က အရင်​ ဦး​ဆောင်​သွား​စေချင်​မှန်း သိသာလှ​ပေသည်​။

ဘေးက ​လောင်​​ဖေမှာ မျက်​စိဆံပင်​​မွေးစူးလှ​နေပြီဖြစ်​​သော​ကြောင့်​ စိတ်​မရှည်​စွာ​ပြောလိုက်​၏။

"တုံ့ဆိုင်း​နေတာက ​ယောကျာင်္းစစ်​တစ်​​ယောက်​ရဲ့ လုပ်​ရပ်​မဟုတ်​​ပေ​တော့ ကျ​တော့ကို အရင်​သွားခွင့်​ပြုပါ"

ယောင်္ကျား​စစ်​စစ်​ဆိုသည့်​စကားအား ​ပြော​နေချိန်​တွင်​ လီစူးအား ​စေ့​စေ့ကြည့်​ထားသဖြင့်​ လီစူးအား ​စောင်းေ​မြာင်းဆိုခြင်းမှန်းသိသာလှသဖြင့်​ ​ကျန်းချိုး အလွန်​ကို စိတ်​တိုသွားရ​လေသည်​။ ကာယကံရှင်​လီစူးကိုယ်​တိုင်​က ပြုံး​ယောင်​သန်း​သော မျက်​၀န်းတစ်​စုံဖြင့်​ပင်​ ကျန်းချိုးလက်​အား ဖိထားပြီးဆွဲထားရ​လေသည်​။ သူ့အပြုံးဆိုသည်​၌ ​အေးစက်​ခြင်းက ရိုးတွင်းခြင်​ဆီထဲသို့ပင်​ ​အေးခဲသွား​စေနိုင်​​သော အပြုံးမျိုး။

လောင်​​ဖေ သူ့လူတို့အား အရင်​ဆင်း​စေလျက်​ ​နောက်​မှ ​လောင်​ဒါး ​နောက်​မှ ကျန်းချိုးတို့တစ်​သိုက်​ဆင်းကြ​လေသည်​။ လီစူးက​တော့ ​နောက်​ဆုံးက။ အခုချိန်​တွင်​​တော့ ​ဖောက်​ထား​သော ကျင်း​တွေထဲ တွားသွားရသည်​ကို အသားကျစပြု​နေပြီဖြစ်​​သော ကျန်းချိုးမှာ အ​ကြောက်​အလန့်​မရှိစွာ ​ချော​ချောရှူရှူ ဖြင့်​ သွားလိုက်​၏။ မ​ကြောက်​ရခြင်းအ​ကြောင်းတရားအမှန်​က သူ့အ​နောက်​တွင်​ သူ့၏ ပင်​တိုင်​ရှင်​ လီစူးပါ​နေုခြင်းပင်​မဟုတ်​ပါလား။ ဖင်​​လေးကုန်းကုန်းနှင့်​ တွားသွား​နေ​သော ကျန်းချိုးမှာ အ​နောက်​က လီစူး​​စောင့်​​နေရမည်​စိုး၍ မြန်​မြန်​ပင်​ ​ရှေ့ချီတက်​​နေ​လေ၏။

လှိုင်​ဂူမှာ ရှည်​လျားကျဉ်း​မြောင်းသဖြင့်​ အ​ရှေ့ကသာ ပြ​နေရ​သော မီးအလင်းက အ​နောက်​သို့ ဖြာကျ​နေပုံက အလွန်​​ဖျော့​တော့လွန်းလှ၏။ ​နောက်​ဆုံး လီစူး​နေရာတွင်​ အလင်း​ရောင်​ပင်​မရှိ။ ရှိ​နေသည်​က အနီ​ရောင်​မျက်​၀န်းတစ်​စုံ..ထိုတစ်​စုံလုံးကလည်း အ​ရှေ့တန်းတန်း..ဆိုရ​သော်​ မျက်​လုံးနှင့်​ တစ်​တန်းတည်း​သော ​နေရာကိုသာ စိုက်​ကြည့်​​နေသည်​။ ထို​နေရာက ကျန်းချိုး၏ တင်​...တစ်ဖက်​တက်​ တစ်​ဖက်​ကျလျက်​ တွားသွားသွား​နေ​သော ကျန်းချိုး၏ .*င်​...ထို​နေရာသာ စိုက်​ကြည့်​​နေရ​သော လီစူးမျက်​လုံးတို့ ​မှောင်​တထက်​​မှောင်​လာရ​လေသည်​။ ကျန်းချိုး သူ့အ​နောက်​က ချမ်းစိမ့်​စိမ့်​အ​အေးဓာတ်​တစ်​ခု​ကြောင့်​ ..အထူးသဖြင့်​ သူ့*င်​​နေရာသို့ ​ရောက်​​နေ​သော အ​အေးလိုင်းတစ်​ခု​ကြောင့်​ မ​နေသိမထိုင်​သာ ဖြစ်​သွားရလျက်​ တိုးတိုး​လေး​ခေါ်လိုက်​၏။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now