Chapter 34.2

13.5K 1.4K 88
                                    

မွန်းတက်လည်းရောက်ရော ကျန်းချိုး အစားအသောက်ကို အပြင်ကပဲ ၀ယ်ခိုင်းလိုက်၏။ အခု သူလက်ချောင်းဖျားလေးပင်မလှုပ်နိုင်တော့။ ပေါင်ကလည်း ကောင်းကောင်းစိလို့မရ။ အိပ်တာတောင်ကားယားကြီး။ ဒီလိုခက်ခက်ခဲခဲ နေနေရပုံကိုကြည့်ပြီး သူ့ကိုသူသြောချသွားရ၏။ လီစူးအကြောင်းတွေးလိုက်မိပြန်ရင်လည်း သူ့ကို ဘုရားပေးတဲ့လက်ဆောင်မွန်အဖြစ်ကလွဲရင် တခြားမတွေးတတ်။

ကျန်းချိုး အိပ်ရာပေါ်လှဲချိန် လီစူး အစားအသောက်သွား၀ယ်နေပြီးသားတော်ကတော့ ကျန်းချိုးဘေးမှာ နို့လေးသောက်ရင်း ငြိမ်ငြိမ်လေးထိုင်နေ၏။ ထို့နောက် သူ့အစွယ်နှစ်ချောင်းပြူးအောင်ကို ပြုံးပြနေ၏။

"ပါးပါး"

ကျန်းချိုး ထိုအချိန်လေးတွင်းမှာ မျက်ရည်လေးတစမ်းစမ်းနှင့်။ သူ့ခါးကျိုးသွားတာနဲ့ ကန္ဓာမာပန်းလေးကြွေသွားတာအတွက် ငိုရတာတော့တန်တယ်မလား။ သားကလည်း လိမ္မာ၊ မိန်းမပစ္စည်းကလည်း ကြီးပြီး ကောင်းကောင်းစွမ်းဆောင်နိုင်တယ် အို ခြုံကြည့်ရင်ဘ၀ကြီးက သာသာယာယာပါပဲ။

နေ့လည် ဖီးရှန်ရောက်လာပြီး ကျန်းချိုးရဲ့ရုပ်ပျက်ဆင်းပျက် ကလေးမွေးထားတဲ့ မီးနေသည်ကြီးဖြစ်အင်ကို သနားကြည့် ကြည့်ပြီး ရယ်နေ၏။

"စားပြီးသောက်ပြီးပြောင်အောင်ကော ဆေးကြရဲ့လား?"

"ရှောင်းကျန်းလေး မင်းရဲ့ မေမေ၂ကိုနှုတ်ဆက်လိုက်ပါဦး"

ကလေးကလည်း သူ့အမေစကားနားထောင်သူပီပီ သူ့ကြီးထုတ်ပြီး ဖြီးပြလိုက်၏။

"မေမေ၂ နိဟောင်"

ဖီးရှန်မျက်နှာကြီးပြာနမ်းသွားပြီးမနိုင်မှန်းသိ၍ ဆက်မစတော့။ သူ့ဒေါသကိုချုပ်ပြီး ကိုယ်ကိုယ်ကို ဖြေသိမ့်လိုက်၏။ အော် ကျန်းချိုးက ကလေးအရမ်းဆန်တာပဲဟူ၍။

"လီစူးကော?"

"အောက်ထပ်မှာ အသီး၀ယ်နေတယ် သတင်းထူးလို့လား စီနီယာကတော့ ကျတော့ကိုမဆက်သွယ်သေးဘူး"

"အဲ့အကြောင်းမဟုတ်ဘူး လမ်းမှာကြားခဲ့တာ ဘေကျင်းက ရှေးဟောင်းပစ္စည်းအရောင်းသမားတစ်ယောက်စီမှာ ရှေးဟောင်းမြေပုံအပိုင်းလေးရှိတယ်တဲ့"

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now