Chapter 67(full chapter)

4K 727 64
                                    

သူတို့မွန်ဘေကပြန်ထွက်လာချိန်အထိစည်းထဲကျန်ခဲ့သည့်သက်တော်စောင့်အားလုံးလှုံလှုံခြုံခြုံရှိနေကြဆဲပင်။ သို့သော် ရှောင်းလင့်ကိုတွေ့သွားသည်နှင့် မျက်လုံးပြုတ်ကျမတတ်ပြူးကျယ်ကုန်ပြီး  တွင်းထဲတစ်ခေါက်မေ့လဲခဲ့သည့်နှစ်ယောက်ကတော့ထပ်ပင်မေ့သာပစ်လဲချင်နေရှာတော့သည်။

"ဆရာချီ အန္တရာယ်ကင်းကင်းပြန်လာနိုင်တာကောင်းလိုက်တာ ကျတော်တို့စိတ်ပူနေကြတာ တစ်ခုပဲ ဘာလို့ရှောင်းလင့်ကပါဒီမှာရှိနေရတာလဲ?"

ချီကျိရုန်အနောက်ကိုလှည့်ကြည့်ရင်း မျက်နှာတည်နှင့်ပင် အရှေ့ပြန်လှည့်ကာ

"အပေါက်ဖို့လိုက်တော့"

ချီကျိရုန်စိတ်မကြည်သည့်မျက်နှာထားကြောင့် အောက်မှာ ဘာရတနာမှမတွေ့ခဲ့သောကြောင့်စိတ်မကြည်ခြင်းဖြစ်မည်ဟုကောက်ချက်ချလိုက်ကြ၏။ ဒီလိုသရဲတစ္ဆေတွေနဲ့ညစ်ပတ်နေတဲ့မြေမှာ ဘယ်ကရတနာကခြေထောက်ပေါက်လာမှာလဲ?

မြေဖို့သူဖို့ ၊ တဲဖြတ်သူဖြုတ်ဖြင့် တာ၀န်ကိုယ်စီလုပ်ရင်း ထွက်ရန်အဆင်သင့်ပြင်လိုက်ကြချိန်ထိ သက်တော်စောင့်တွေသိချင်နေဆဲ။

"အဲ့လူထူးဆန်းကြီးက ဘယ်လို​ပျောက်သွားတာလဲ?​အောက်မှာ.....?"

"စကားပြောရပ်ကြတော့"

အားကွေ့ပြောရင်း သူ့သူဌေးကိုသာစောင့်ကြည့်နေလိုက်၏။ တွင်းထဲ ချီရှီကသူ့သူဌေးကိုအမြင်တော်တော်မကြည်သဖြင့် ချီရှီလက်ပါမည်ကိုစိုးမိ၏။ ကံကောင်းသည်က ချီရှီရုတ်တရက်ထထွက်သွားခြင်း။

ကျန်းချိုးအရှေ့ကရှောင်းကျန်းလက်အိအိလေးကိုဆွဲလျှောက်ရင်း လီစူးကို စိတ်ရိမ်တကြီးမေးလိုက်၏။

"ဘာလို့ချီရှီထွက်ပြေးသွားတာလို့ထင်လဲ? ကျတော်က သူကျိရုန်ကိုသတ်တော့မယ်လို့ထင်နေတာ"

"အဲ့ပုံက သူ ကျိရုန်ကိုသတ်ချင်နေတဲ့ပုံမဟုတ်ဘူး"

လီစူးပျင်းတွဲတွဲပြန်ဖြေရင်း ဆက်ပြောချင်နေသည့် ကျန်းချိုးကိုစကားလမ်းလွှဲလိုက်၏။

"ရှီအန်းမှာဘာစိတ်၀င်စားစရာရှိလဲ?"

ချီရှီသာစိတ်ထဲလွှမ်းနေသည့် ကျန်းချိုး ရုတ်တရက်အံ့အားသင့်သွားရ၏။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now