Chapter 70(full chapter)

3.5K 676 34
                                    

ပိုးလမ်း(4)

မိုးသည်းပြီး တိမ်ထူနေသည့် ထိုမနက်စောစောတွင် ကျန်းချိုး သရဲလေးကိုပြန်ပို့ဖို့ ကားနှစ်စီးငှားလိုက်၏။

တောင်ရဲ့တောင်ဖက်လမ်းက အမတ်ဆုံးတောင်ထိပ်ကိုရောက်စေပြီးထိုနေရာက စံအိမ်ကြီးများ အမြိုင်မြိုင်တည်ထားသည့်နေရာ။ နေရာထိုင်ခင်းအပြင် ကူးသန်းသွားလာသည်ကလည်းအဆင်ပြေသောကြောင့် စံအိမ်များအရင်ကထက်ပိုတိုးလာခဲ့ပြီး ထိုထဲတွင် ဖက်တီးသရဲလေးမိသားစုလည်းအပါအ၀င်ဖြစ်လေသည်။

တောင်ထိပ်ပေါ်ကသုံးအိမ်မြောက်တွင် ရှောင်းကျန်းခြူးကလေးအသံမြည်လာတော့၏။

"ရောက်ပြီ"

ကားထဲကထွက်ချိန် ရှောင်းကျန်းမှာ မျက်နှာတည်ဖြင့်ပင် ခြူးကိုပုတ်ကာခြိမ်းခြောက်လိုက်၏။

"ပြဿနာရှာလို့ကတော့ ငါတကယ်စားပစ်မှာ"

"သူက အိမ်လွမ်းနာကျနေတာ သားကပဲ ညှာတာပေးလိုက်ပါ "

ကျန်းချိုးသူ့သားခေါင်းပုတ်ရင်း ရယ်လိုက်၏။ ရှောင်းကျန်းအတွက်ကတော့ စိတ်မချမ်းမြေ့စရာရယ်။

"ကလေးတွေက တကယ်ပြဿနာအိုးတွေ တစ်ချိန်လုံးငိုနေတော့တာပဲ ကျတော့်ညီလေးကော အဲ့လိုပဲငိုမယ်လို့ထင်လား ဖေဖေ?"

အားလုံးရှေ့အမေးခံလိုက်ရတာက ကျန်းချိုးအတွက်မျက်နှာပူစရာ။

"သူက ညီမလေးမဟုတ်ပဲညီလေးဆိုတာ သားဘယ်လိုသိတာလဲ ?"

ကျန်းချိုးနှင့်လီစူးတို့ဘေး ယုရွှေရွှေ့လိုက်ရင်း ဟာသနှောပြောလာ၏။

"တကယ်လို့ယောင်္ကျားနှစ်ယောက်က မိန်းကလေးမွေးနိုင်ရင် ငါ့ကိုထည့်တွက်မနေနဲ့တော့"

"အဲ့အကြောင်းမပြောတော့နဲ့ အရင်ဆုံး ရှောင်ဖန့်(ဖက်တီးလေး)လေးကိုကူညီကြရအောင်"

ထိုစကားကြောင့် ရှောင်းကျန်းလေး သွားစွယ်တို့ပေါ်လာပြီး ရွှမ်းနောက်နောက်ပြောလာ၏။

"ဖေဖေ ကျတော်တို့သူများကို နာမည်ပြောင်တွေမပေးရဘူးဆို"

ဒီရက်တော့ ကျန်းချိုးတို့ကံမကောင်းပါ။

"ဖေဖေမှားပါတယ်ဗျာ သူငယ်ချင်းကိုအဲ့လိုမခေါ်သင့်ဘူး ဒါနဲ့ရှောင်ဖန့်လေးနာမည်ကဘာလဲ?"

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Wo Geschichten leben. Entdecke jetzt