Chapter 63(full chapter)

4K 793 58
                                    

ကျုံးရှန်ပြည်(10)

ရင်းနှီးနေခဲ့တဲ့အခေါ်အဝေါ်ကြောင့် ကျန်းချိုးရင်ထဲနွေးခနဲဖြစ်သွားသော်လည်း သူ့ဦးနှောက်ကိုအချက်ပေးနေသည်က လီစူးအတိတ်မေ့နေတာဆို ဘာကြောင့်သူ့ကိုစုန့်ပေါင်ဟုခေါ်သလဲဆိုတာပင်။

သူချက်ချင်းတံတွေးထွေးချရင်း ရက်ရက်စက်စက်ပင် ထိုသူ့ကိုကန်ကာ လက်ကိုမြှင့်မြှင့်မြောက်ရင်း ဓားကို ထိုသူ့ဆီအရှိန်ဖြင့်ထိုးစိုက်ချလိုက်၏။ သို့သော် တစ်ဖက်လူကလည်းလျှင်မြန်စွာပင် သူ့လက်ကိုချုပ်ရင်း သူ့ခန္ဓာကိုယ်ကိုပါ ရင်ခွင်ထဲဆွဲသွင်းသွား၏။ ကျန်းချိုး နှာသီးဖျားနားရောက်လာသည့်ရင်းနှီးနေခဲ့သည့်ကိုယ်သင်းနံ့ကြောင့် ရုန်းသည့်အားတို့ပျော့သွားသော်လည်း သတိအနေအထားဖြင့်မော့ကြည့်လိုက်၏။

"လီစူးလား?"

တစ်ဖက်ကခေါင်းငြိမ့်ပြလာပြီး သိပ်မကြာခင်တွင်ပင် ချီရှီအသံကိုပါကြားလိုက်ရ၏။

"ရှောင်ချိုးချိုး မင်းရူးများသွားလို့လား ငါတို့ဒီလောက်ခေါ်နေတာကို ပြန်မထူးဘူး"

"ဖေဖေ ဖေဖေ!"

ရှောင်းကျန်းမှာလည်း ချူသံတလွင်လွင်ဖြင့် ရောက်ချလာ၏။ ထို့နောက်တွင် ချူသံက မြူနှင်းကိုပါးသွားစေမှန်း ကျန်းချိုးသတိထားလိုက်မိ၏။ သူ့အနောက်တွင် အကို၂၊ ချီရှီတို့ရှိနေပြီး မြေပြင်ပေါ်တွင်တော့ ကလေးခေါင်းနှင့် သရဲမ သို့မဟုတ် ကျန်းရှီတစ်ကောင်။

"ယို့ယို့ယို့ မင်းတို့နှစ်ယောက်တွေ့လာတာဘယ်လောက်တောင်ကြာပြီလဲ ဒါတောင်သည်းမခံနိုင်တော့ဘူးလား? ရှောင်ချိုးချိုး မင်းဘယ်လိုပဲလေ့ကျင့်ခန်းလုပ်ချင်ချင် ဒီလိုနေရာမျိုးမှာတော့ "

ချီရှီရယ်ရင်းဆက်ပြောလာ၏။

"အင် တော်တော်ကိုစိတ်ကြွနေတာပဲ"

ကျန်းချိုး ဒီချီရှီခေါင်းဘာထပ်ထိပြန်ပြီလဲမသိတော့။

"အဓိပ္ပါယ်မရှိလိုက်တာ"

ချီရှီသူ့လည်ပင်းကို လက်ညိုးထိုးရင်း

"မင်းလည်ပင်းကအနီရောင်တွေကိုကြွားလုံးထုတ်နေတာလေ ပြီးတော့ မင်းတို့နှစ်ယောက်...ဘာလို့အခုထိဖက်နေကြသေးတာလဲ?"

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now