Chapter 71(full chapter)

3.7K 683 101
                                    

ပိုးလမ်း(5)

နောက်တစ်နေ့မနက်စောစောတွင်ပင် လင့်မိသားစုဆီက ဖုန်းကောလ်ကို ယုရွှေလက်ခံရရှိခဲ့၏။

ရှောင်းလင့်မှာတော့ သူ့သခင်လေးကိုနောက်တစ်ကြိမ်ပြန်တွေ့ရတော့မည်ဆိုသည့်အသိနှင့်ပင် ပျော်ရွှင်နေခဲ့သည်။ လူများလွန်းသည့်သူတို့အဖွဲ့အတွက် ကားတစ်စီးသာလွှတ်ပေးလိုက်သဖြင့် ကျန်းချိုး၊ လီစူးနှင့် ရှောင်းကျန်းလေးတို့က နောက်ကားတစ်စီးငှားက လိုက်ရ၏။

လမ်းတစ်လျှောက်လုံးတိတ်တဆိတ်လိုက်ပါလာခဲ့ပြီး တောင်ထိပ်အရောက် အေးစိမ့်စိမ့်ရီ​ေ၀​ေ၀လေထုက ကျန်းချိုးမျက်နှာကိုရိုက်ခတ်သွားလေ၏။ သာမာန်လူတွေအတွက် အေးမြလန်းဆန်းမှုကိုခံစားရမှာအမှန်ဖြစ်သော်လည်း သူ့အတွက်ကတော့ မျက်စိဖြင့်မခွဲခြားနိုင်ပေမယ့် စိတ်ကတော့ အတွေ့အကြုံများအရ အေးချမ်းသည်နှင့် မကောင်းဆိုးဝါးအငွေ့အသက်ဆိုတာကိုကောင်းကောင်းခွဲနိုင်နေလေသည်။

တံခါး၀မှာကြိုနေသည့် အိမ်တော်ထိန်း၏ အပြုအမူကြောင့် ကိုယ့်ကိုကိုယ် tv seriesတွေထဲရောက်နေသလိုတောင်ခံစားရသေး၏။ လင့်အိမ်တော်က တော်တော်ကိုအဆင့်အတန်းမြင့်သည်ဆိုရပေမည်။

စံအိမ်က အပြင်ခွံသာ အနောက်နိုင်ငံနှင့်တူပြီးအထဲကအပြင်အဆင်အားလုံးက တရုတ်အပြင်အဆင်သာ။ အထဲကိုခြေချလိုက်သည်နှင့် တစ်ခြားကမ္ဘာကိုအချိန်ခရီးသွားလိုက်ရသလိုပင်။ အထူးသဖြင့် လင့်ဘွားဘွားနှင့် သခင်လေးလင့်အမေကိုမြင်လိုက်ရသည့်အချိန်တွင်ပင်။

လင့်သခင်ရဲ့မိခင်မှာ ဆံပင်ကိုကောက်၊ခေတ်ဆန်ဆန်မိတ်ကပ်အပြင်အဆင်၊ ခေတ်သစ်စကပ်တိုတိုအင်္ကျီလည်ဟိုက်နှင့်ဖြစ်ပြီး လင့်အမျိုးသမီးကြီးမှာဆံပင်ဖြူဖြူ ဘီးဆံထုံးနှင့် ခြေလှမ်းတို့ကတုန်တုန်ရီရီနှင့်။ သူတို့ကိုကြည့်လာသည့်သူမမျက်၀န်းလက်လက်တို့က သူမလည်းငယ်ရွယ်စဥ်က ထက်ထက်မြက်မြက်သွက်သွက်လက်လက်ရှိသူမှန်းဖော်ညွှန်းနေလေ၏။

"စီးပွားရေးကအပြင်ကလူတွေလုပ်လို့ရတယ် အခုမြေးလေးရဲ့ကျန်းမာရေးကအရေးကြီးဆုံးပဲ အရင်ချိန်သူဖျားနာတာက ဘာမှမဖြစ်ပေမယ့် စုမိသားစုကမိန်းကလေးနဲ့လက်ထပ်ဖို့ရက်ကနီးလာပြီ နှောင့်နှေးနေလို့မဖြစ်တော့ဘူး"

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now