Chapter 64(full chapter)

4.2K 783 29
                                    

ကျုံးရှန်ပြည်(11)

တဲထိုးသူထိုး၊ ချက်တဲ့သူချက်နှင့်လူတိုင်းအလုပ်ကိုယ်စီဖြင့်။ ယုရွှေအစွမ်းကြောင့် မကောင်းဆိုးဝါးအငွေ့သက်လွှမ်းခြုံနေသော လေထုကလည်း အတော်တန်လျော့ပါးသွားပြီဖြစ်သဖြင့် လူတိုင်း၏ စိတ်ပူမှုကလည်းအတော်တန်လျော့သွားပြီဖြစ်ပြီး သက်တော်စောင့်တို့ သူတို့ဘယ်လောက်တောင်သေးထွက်ကျမတတ်ကြောက်ခဲ့ကြောင်း ဟာသဖောက်နေကြပြီးမှ ရှောင်းလင့်အကြောင်းစကားရောက်သွားချိန် အားလုံးတိတ်ဆိတ်သွားပြန်သည်။ ချီကျိရုန် အခုမှ စကား၀င်ပြောလိုက်၏။

"ငါသူတို့မိသားစုကိုအ​ကျိုးသင့်အကြောင်းသင့်ဖြေရှင်းဖို့လူလွှတ်လိုက်ပါ့မယ်"

သေသူကလည်းသေပြီဖြစ်သဖြင့် ရှောင်းလင့်မိသားစုကို လျှော်ကြေးပေးနားချသည်ထက် လုပ်နိုင်တာမရှိတော့။ သက်တော်စောင့်များ အလုပ်ပြန်ရှုပ်နေကြသော်လည်း အရင်လောက်တက်ကြွမှုမရှိကြတော့။ ထိုခဏ အားလုံးတိတ်ဆိတ်ငြိမ်သက်သွားပြီး ကျန်းချိုး သူ့ဂုတ်နားလေရူးတစ်ခုဝေ့သွားသလိုအေးစိမ့်သွားသဖြင့် လီစူးနားခြေလှမ်းရွှေ့ရပ်လိုက်၏။ လီစူးသူ့ကိုတစ်ချက်ကြည့်ရင်းဘာမှမပြောသော်လည်း မျက်နှာပေါ်ပြုံးစစဖြစ်သွား၏။

"အရေးထဲ မီးဘာလို့မတောက်တာလဲ?"

"ပျက်သွားလို့လား?တစ်ခြားတစ်ခုယူလိုက်လေ"

ချက်ပြုတ်ဖို့တာ၀န်ယူထားရသည့်သက်တော်စောင့်တစ်ယောက် လက်ထဲက ဂတ်စ်မီးဖိုကိုချတုန်းရှိသေး ရုတ်တရက်ထပေါက်ကွဲသဖြင့် အားလုံးအလန့်လန့်အဖြန့်ဖြန့်ဖြစ်သွားကာ နောက်ဆုတ်လိုက်ကြ၏။ မီးဖိုနားကလူနှစ်ယောက်မှာလည်း အတားအဆီးသိပ်မရှိသောကြောင့်လွတ်မြောက်သွားလေသည်။

"ဒီမှာ ယင်ဓာတ်အရမ်းများနေတယ် ကံကောင်းလို့လွတ်သွားတာ သတိထား"

ယုရွှေသတိပေးရင်း ရှောင်းကျန်းကိုလက်ယက်ခေါ်ကာ

"လာပြီး ပေါပေါ်ကိုကူပါဦး"

ရှောင်းကျန်း ၀မ်းသာအားရခေါင်းငြိမ့်ပြရင်း အားပေါ်နောက် လက်ထဲကချူသံတလွင်လွင်ဖြင့်လိုက်ပါသွားတော့သည်။ ကြည့်ရတာ ဒီအလုပ်ကိုအတော်နှစ်ခြိုက်နေပုံပင်။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now