Chapter 48(full chapter)

6.1K 1.1K 59
                                    


ပစ်ထားမိလို့တောင်းပန်ပါတယ်ချစ်တို့ရေ ...ဆက်ပြီးအားပေးပါဦးနော်..

ရှဲကျီ(4)

သတိရှိတစ်၀က်မရှိတစ်၀က်ကနေပင် ထိုအကောင်ကြီးရဲ့ဒေါသတကြီး ဟိန်းနေသံကိုကြားနေရပြီး ကျန်းချိုးသူ့လက်ထဲက ကျန်းရှီးလေးကိုသာ တင်းတင်းဖက်ထားလိုက်၏။ ဟိန်းသံဆုံးချိန်တွင် ခြေသံတို့ကတဖြေးဖြေးနီးကပ်လာပြီး ဇောက်ထိုးဖြစ်နေသည့်ကားနားရောက်လာကာ ချွန်ထက်သည့်လက်သည်းမျာ
ကားအဖုံးပေါ်တင်လိုက်ပုံပင်။ ကျန်းချိုး နားထဲကုတ်ခြစ်သံကိုဆူညံစွာကြားလိုက်ရပြီးတခနအကြာတွင်တော့ တစ်စစီဖြစ်နေသည့်ကားbodyအစိတ်အပိုင်းတို့ဖယ်ရှားခံလိုက်ရပြီး ထိုအကောင်ကဘာအကာမှမရှိသည့်နေရာက ကားထဲကိုစိုက်ကြည့်လာပြီး ထိုအကောင်ကြည့်လာသည့်နေရာက ကျန်းချိုးရှိရာတည့်တည့်။ ကျန်းချိုး ကျန်းရှီးလေးကိုသာတင်းတင်းပွေ့ရင်း ကူရာမဲ့နေမိ၏။ ရုတ်ချည်းပင် ထိုအကောင်က တခြားဖက်တစ်ချက်လှည့်ကြည့်ရင်းထွက်ပြေးသွားလေသည်။

ကျန်းချိုး ဘေးက စီနီယာကိုအကြိမ်ကြိမ်ခေါ်နေသော်လည်း သွေးများကြားထူးသံပြန်မကြားရ။ ကျန်းချိုး ရှောင်းကျန်းလေးကိုဖက်ရင်းမှ ကျဥ်းလှသည့်နေရာထဲ ဖြေးဖြေးချင်းရွေ့လိုက်၏။ သူ့အိပ်ထဲဖုန်းရှိသည်ကိုမှတ်မိသော်လည်း လက်ကလှမ်းမရ။ ရုတ်တရက်ဆန်စွာပင် ကားမီးရောင်ကိုတွေ့လိုက်ရပြီး ထိုကားက မြန်မြန်ပင် သူ့တို့ကားဘေးနား ဘရိတ်ဆောင့်အုပ်လိုက်၏။

ကျန်းချိုးတော်တော်တုန်လှုပ်သွား၏။
အဲ့အဖြူရောင်ကျန်းရှီးပြန်လာတာများလား?

"စုန့်ပေါင်!"

လီစူးအသံကြားပြီးပြီးချင်း သူ့ရှေ့ပေါ်လာသဖြင့် ကျန်းချိုးစိတ်ဒုန်းဒုန်းချကာ မေ့မျောသွားလေတော့သည်။

ကျန်းချိူးပြန်နိုးလာချိန်တွင်တော့ ဆေးရုံပင်ရောက်နေပေပြီ။ သူ့ခေါင်းက သေမတတ်ထိုးကိုက်နေသဖြင့် လက်က အလိုလိုရောက်သွား၏။ သူ့နှာခေါင်း၀တွင်တော့ ဆေးရုံနံ့က ​ေ၀့သီလျက်။ သူ့လက်နားမှာလှဲနေသည့် ရှောင်းကျန်းက လှုပ်လှုပ်ရှားရှားဖြစ်လာသည်နှင့် ခွေးလေးလိုချက်ချင်းနိုးလာပြီး ကျန်းချိုးကို မျက်လုံးနီလေးများဖြင့်မော့ကြည့်လာ၏။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now