Chpater 57(full chapter)

4.3K 871 74
                                    

ကျုံးရှန်ပြည်(4)

မျက်နှာတည်နှင့်ပင် လီစူးတစ်ယောက် သူ့လက်ထဲက ပေါင်မုန့်ကို အာပြဲကြီးနှင့်အော်ရယ်နေသည့် ကျန်းချိုးပါးစပ်ထဲ ထိုးထည့်လိုက်သဖြင့် ပါးစပ်ထဲမုန့်အပြည့်နှင့်ကျန်းချိုး အပျော်လုံးဆို့သွားပြီး အရယ်လည်းရပ်သွားတော့သည်။ လီစူးရဲ့အေးစက်စက်မျက်လုံးကိုကြည့်ပြီး  အရယ်ရပ်ပြီး မုန့်ဝါးရမယ့်အချိန်မှန်း သိလိုက်သလို ဘေးက ရှောင်းကျန်းလေးမှာလည်း ဖေအေတူသားပီပီ မုန့်ဝါးရင်းတိတ်နေလိုက်၏။

လီစူး ထိုသားအဖနှစ်ယောက်စားပြီးသည်ကိုစောင့်နေလိုက်၏။ ကျန်းချိုး ပါးစပ်သုတ်လိုက်ပြီး သူတို့သားအဖနာမည်ကိုအသေအချာမိတ်ဆက်ပေးလိုက်၏။

"သူက ရှောင်းကျန့် ကျတော်က ကျန်းချိုး"

"လီစူး"

ကျန်းချိုး ဒီနေရာမှာ သံသယ၀င်သွားတာတစ်ခုရှိနေသည်။ လီစူးသာတကယ်အတိတ်မေ့တာမှန်ရင် ဘယ်လိုလုပ်သူ့နာမည်ကိုမှတ်မိနေရတာလဲ? လီစူးတကယ်ရောမှတ်ဉာဏ်ပျောက်တာသေချာရဲ့လား? တီဘီတွေထဲမှာလို ဟန်ဆောင်အတိတ်မေ့ပြတာမျိုးလဲဖြစ်နိုင်တာပဲ!

"အတော်ကောင်းတဲ့နာမည်ပဲ"

ကျန်းချိုး အဓိပ္ပါယ်တစ်မျိုးနှင့်ပြောလိုက်သော်လည်း လီစူးဆီက ဘာစကားမှထပ်မထွက်လာတော့။ သူပုခုံးတွန့်ရင်း ရှောင်းကျန်းလေးကိုချီလျက်

"သွားမယ် ရှောင်းကျန်းလေးနဲ့ဒီတစ်ရက်အချိန်ဖြုန်းပေး"

ကျန်းချိုးသူ့စိတ်သူထိန်းနေရသည်။ လီစူးကတော့သူ့နောက်တိတ်တဆိတ်သာလိုက်လာသည်။ သူတို့ကစားကွင်းရောက်တော့ ကျန်းချိုး ရှောင်းကျန်းကို လီစူးဆီပြောင်းပေးရင်း

"ကျတော် လက်မှတ်သွား၀ယ်လိုက်မယ်"

ရှောင်းကျန်း သူ့ဖေဖေကြီးလက်တွေပေါ်အချီခံရင်းအရမ်းပျော်နေသော်လည်း လီစူးစိတ်စိုးနေမည်စိုး၍ ကောင်းကောင်းနေကာ ပြုံးပြလိုက်၏။ လီစူး ထိုကလေးကိုချီအပြီး တစ်ကိုယ်လုံးတောင့်တင်းသွား၏။ လီစူးသူ့အနီးအနားဆယ်မီတာအတွင်း လူရော တိရိစ္ဆာတွေကိုပါမလာနိုင်အောင် သူ့ကိုယ်က အအေးဓာတ်ဖြင့်စည်းတားထားသဖြင့် ကျန်းချိုး လက်မှတ်၀ယ်ပြီးပြန်လာသည်အထိ သူတို့ဘေးတွင်ဘယ်သူမှမရှိနေ။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now