Chapter 73(full chapter)

6.5K 827 112
                                    

ပိုးလမ်း(7)

သူတို့ကလေးတွေရပြီးသည့်တိုင်အောင် ဒီအနမ်းက သူတို့ရဲ့ပထမဆုံးအနမ်းလိုနွေးထွေးတုန်း၊ ကျန်းချိုးကိုရင်ခုန်စေတုန်းပင်။

လီစူးမျက်နှာရှေ့ကိုပိုပိုတိုးကပ်လာသလို ကျန်းချိုးမျက်၀န်းများကလည်း မသိလိုက်စွာမှိတ်သွားခဲ့၏။  နှုတ်ခမ်းပေါ်က အေးမြနူးညံ့မှုကိုခံစားနေရသဖြင့် ကျန်းချိုးလျှာထုတ်ရင်းလျှက်လိုက်မိချိန် လီစူး၏လျှာနှင့်အချင်းချင်းဆက်နွယ်သွားလေပြီး ကနဦးဖြူစင်နေသေးသည့်အနမ်းတစ်ခုသည် အခုတော့ ဆန္ဒတစ်ချို့ကိုပြင်းပြင်းထန်ထန်ဖြစ်တည်လာစေသည့်အနမ်းတစ်ခုအဖြစ်ဇာတ်သိမ်းသွား၏။

ရှက်နေဟန် ကျန်းချိုး အောက်နှုတ်ခမ်းက သွားရည်ကိုသိမ်းလိုက်၏။ သူ့မျက်လုံးများတွင်လည်း အသက်ရှုမ၀၍မျက်ရည်များဝဲနေသလို အခုလည်းအသက်ကိုလုရှုနေရ၏။ မည်မျှပင်ရှက်ပါစေ ကျန်းချိုးမည်သည် အခွင့်ရေးကိုလက်လွှတ်ခံမည့်သူမဟုတ်။

"ကျတော်တို့အခန်းပြန်ရအောင်"

"Ok"

လီစူး၏ မျက်၀န်းနီတို့ကလည်း ဆန္ဒကိုမဖုံးထားနိုင်ခဲ့။

သူတို့ ဘေလ်ရှင်းပြီး အခန်းသို့အလောတကြီးပြန်လာချိန်ထိ အရာအားလုံးက Papapaဆီဦးတည်နေခဲ့ပြီး ၉၉%သေချာနေခဲ့၏။  သို့သော် တံခါးရှေ့ရောက်ချိန်တွင်တော့ လူကြီးမင်းများကအသင့်စောင့်နေလေ၏။ လင်းတန်လေးမှာ အနောက်တိုင်းစတိုင်နှင့်။

"သခင် သခင့်နှုတ်ခမ်းတွေဘာလို့အရမ်းနီနေတာလဲ? အစပ်တွေစားထားလို့လား?"

ကျန်းချိုး ဖြေရှင်းချက်ပေးချင်စိတ်က Zero..ဘာလို့များ papapaဖို့ အရမ်းခက်ခဲရတာလဲ?

အကို၂မျက်နှာပေါ်တွင် အားရှောင်ဆီ ရှောင်းကျန်းကိုထိုးပေးခဲ့သည့် ကျန်းချိုးကို လက်စားအပြီးသတ်ချေနိုင်လိုက်သည့်ဟန်က အတိုင်းသား။

"ရွေးစရာမရှိတော့ဘူး ကောင်းကျိဟောင်က ဒီရက်ချက်ချင်းထွက်မယ်တဲ့"

ဟိုတယ်ရှေ့ကကားတွေက ကျန်းချိုးနှင့်လီစူးတို့ကိုစောင့်နေခြင်းဖြစ်သဖြင့် ကျန်းချိုးရွေးခြယ်စရာမရှိလေတော့။ စိတ်ထဲ ကလိကလိဖြစ်ရင်းနှင့်သာ အထုတ်အပိုးပြင်လိုက်ရတော့သည်။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now