Chapter 79(full chapter)

2.2K 416 19
                                    

ထိုဦးလေးနာမည်က ခူးလာ။ ၅၈နှစ်ရှိပြီဖြစ်ပြီး အန်းဟယ်ရွာမှာကြီးပြင်းခဲ့သူ။ ပြည်မကြီး သွားပြီးနောက် မိန်းမတစ်ယောက်ရခဲ့သလို ကလေးတစ်ယောက်နဲ့၃နှစ်အကြာမှာရွာကိုပြန်လာရင်း ဆေးပင်ရှာတဲ့အလုပ်နဲ့ အမဲလိုက်မုဆိုးအဖြစ်အသက်ဆက်မွေးခဲ့တယ်။နောက်ပိုင်းမိန်းမဆုံးတော့ သားတစ်ယောက်နဲ့ကျန်ခဲ့သည်ဆို၏။ သို့သော်အခုလောလောဆယ်ထိတော့ သားဆိုသူကိုမမြင်ရသေး။

"သူ..အားမွာက တောင်ထဲဝင်သွားတယ်"

ဦးလေး ခူးလာက တစ်ခုခုတွေးနေဟန် မျက်မှောင်ကြုတ်ကြုတ်။

ခူးလာလို ပိန်ပိန်ပါးပါး ဦးလေးကြီးတစ်ယောက်ကို တာဝန်ပေးတာ အရမ်းအန္တရာများတယ်လို့ အားလုံးခံစားမိနေသည်။ အားကိုး၍မရလောက်။

"မင်းတစ်ခြားလူရှာပေးလို့ရလား ပေယင်"

"ရှာစရာမလိုဘူး မင်းတို့ငါ့ကိုမယုံဘူးလား"

ခူးလာကတစ်ချက်ပြုံးရင်း

"မင်းတို့လူငယ်တွေ ငါ့ကိုအထင်မသေးနဲ့ ဒီနယ်ပယ်မှာ ငါ့ထက်သင့်တော်တဲ့သူရှာတွေ့မှာ မဟုတ်ဘူးလို့ငါပြောရဲတယ်"

တကယ်တော့ မက်ဒရင်းတတ်သည့် ခူးလာက သူတို့အတွက်အကောင်းဆုံးရွေးချယ်မှုဆိုတာတော့အသေအချာ။ အချိန်ကလည်းမရှိ။

"ဒါပေမယ့် ဦးလေးခန္တာကိုယ်က ဒဏ်မခံနိုင်မှာစိုးလို့ပါ"

ကျန်းချိုးအပြောကိုနားဆထာင်ကာ ကျန်းချိုးကိုပြန်ကြည့်ရင်း

"ဒီလှပတဲ့တောင်တန်းတွေက လေအေးဒဏ်ကိုမင်းမခံနိုင်မှာ ငါလည်းစိုးရိမ်တယ် တော်ပြီ ငါ့ကိုမစိုးရိမ်နဲ့ မင်းတို့အလျင်လိုနေတာမဟုတ်ဘူးလား ငါပြင်စရာရှိတာပြင်လိုက်မယ် မနက်စောစောထွက်ကြတာပေါ့"

"တောင်တက်ဖို့ ကျတော်တို့အားလုံးပြင်ဆင်လာပါတယ် အမြန်ဆုံးသွားလို့မရဘူးလား"

ချီရှီစကားကိုခေါင်းခါရင်း

"မင်းတို့ပစ္စည်းငါမသုံးဘူး မင်းတို့ အဲ့ကိုရောက်ချင်ရင် ပစ္စည်းဟောင်းတွေပဲ သုံးရလိမ့်မယ်"

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now